မဲခေါင်၊ စက်တင်ဘာ ၁၉
ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ ချင်းရွှေဟော်မြို့၊ နန့်ဟူးရွာ ငါးကန်နံဘေးတွင် MNDAA တပ်ဖွဲ့ဝင်တစ်ဦး ယမန်နေ့က ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံပေးပို့လာသည့် ယမန်နေ့ စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဆိုသည့် ရုပ်သံဖိုင်တွင် ပေ ၂၀ ခန့် မြင့်သည့် သံတိုင်မှ ကျနေသည့်ကြိုးတွင် အသက် ၂၀ ခန့် လူငယ်တစ်ဦး ကြိုးတန်းလန်းဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။
“ကိုးကန့်တပ်ဖွဲ့ဝင်တဲ့။ ဘာကြောင့်လဲ မသိဘူး။ ကြိုးကတော့ အမြင့်ကြီးက တက်ချိတ်ပြီး ခုန်ချတာထင်တယ်။ ကိုးကန့်ရဲတွေ လာသယ်သွားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ ရရှိနိုင်ရန် မဲခေါင်က ဆက်သွယ်စုံစမ်းနေပြီး MNDAA ကမူ ယင်းဖြစ်ရပ်အတွက် တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
#MeKongNews
#MNDAA
#ကိုးကန့်တပ်ဖွဲ့ဝင်
#ရှမ်းမြောက်
#လူငယ်








