မဲခေါင်၊ စက်တင်ဘာ ၁၇
အီတလီနိုင်ငံမြောက်ပိုင်း မီလန်မြို့ရှိ တိုက်ခန်းတွဲ၏ ၄ လွှာမှ ပင်စင်စား အမျိုးသားတစ်ဦး ခုန်ချ သတ်သေခဲ့ရာတွင် မသေဆုံးခဲ့ဘဲ တိုက်အောက်လမ်းပေါ်လျှောက်နေသည့် အဖွားအိုတစ်ဦးပေါ်ကျပြီး ယင်းအဖွားအိုသာ သေဆုံးမှုဖြစ်ပွားခဲ့သည်။
စက်တင်ဘာ ၁၄ ရက်နေ့က အဆိုပါအခင်းဖြစ်ပွားခဲ့ပြီး မီလန်မြို့ ဘက်ဂီယိုရပ်၌ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ခုန်ချရာတွင် ၈၃ နှစ်အရွယ် အဖွားအို ဖရန်ဆက်စကာမန်နိုပေါ်သို့ တိုက်ရိုက်ကျပြီး ခုန်ချသူမသေဘဲ ပိမိသူသာ သေဆုံးခဲ့ရခြင်းဖြစ်ကာ ကနဦး လင်မယား ၂ ဦး ခုန်ကျ သတ်သေသည်ဟု ယူဆသော်လည်း စုံစမ်းပြီးမှ တစ်တိုက်တည်းနေသော သူစိမ်းများ ယခုလိုဖြစ်ရခြင်း ဟု မြို့ခံရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာသွားခဲ့သည်။
ခုန်ကျသတ်သေသူ အမျိုးသားမှာ မေ့သွားခဲ့ပြီး ခြေထောက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် နီဂွါဒါဆေးရုံသို့ ပိုဆောင်ခဲ့ရပြီး ဆရာဝန်များက သေဆုံးနိုင်သည့်အခြေအနေမရှိဟု ဆိုခဲ့သည်။ ထို့ကြောင့် ရဲမှုခင်းရေးရာအရ ခုန်ချသူအမျိုးသားကို မလိုလားအပ်သော လူသေစေမှုဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အီတလီ
#မီလန်မြို့
#ဘက်ဂီယို








