ကမ္ဘာ့သတင်း

ရုရှားထံမှရေနံ လုံးဝမဝယ်ရန်နှင့် တရုတ်အား သွင်းကုန်အခွန် ၁၀၀ ရာခိုင်နှုန်းကောက်ရန် EU အား ဒေါ်နယ်ထရမ့် တိုက်တွန်း

မဲခေါင် 14 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၄ ယူကရိန်းကျူးကျော်စစ်ကို ရုရှားရပ်တန့်သွားစေရန်အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံများအားလုံး ရုရှားထံမှ ရေနံဝယ်ယူမှုများကို လုံး၀ရပ်ဆိုင်းလိုက်ပြီး ရုရှားမှ ရေနံအဓိက ဝယ်ယူနေသည့် တရုတ်ကိုလည်း အားလုံးက သွင်းကုန်အခွန် ၅၀ မှ ၁၀၀ ရာခိုင်နှုန်းအထိ စည်းကြပ်မှဖြစ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၃ ရက်တွင် တိုက်တွန်းသည်။ စက်တင်ဘာ ၁၀ ရက်နေ့က ယူကရိန်းအား ပစ်ခတ်သည့် ရုရှားဒရုန်းများ နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံ လေပိုင်နက်ထဲသို့ ဝင်လာသဖြင့် ပစ်ချခဲ့ရမှုများဖြစ်ခဲ့ပြီးနောက် ယခုလို ရုရှား၏ စစ်ပွဲဆင်းနွှဲ့နေနိုင်ခြင်း တွင် အဓိကဝင်ငွေရင်းမြစ်မှာ ရေနံနှင့်သဘာ၀ဓာတ်ငွေဖြစ်ပြီး ၎င်းတို့အားအဓိက ဝယ်ယူကာ အားဖြည့်ပေးနေသော တရုတ်ကိုလည်း တစ်ပေါင်းတည်းထိခိုက်စေမည့် လုပ်ဆောင်မှုများ လုပ်သင့်သည်ဟု

မဲခေါင်၊ စက်တင်ဘာ ၁၄

ယူကရိန်းကျူးကျော်စစ်ကို ရုရှားရပ်တန့်သွားစေရန်အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံများအားလုံး ရုရှားထံမှ ရေနံဝယ်ယူမှုများကို လုံး၀ရပ်ဆိုင်းလိုက်ပြီး ရုရှားမှ ရေနံအဓိက ဝယ်ယူနေသည့် တရုတ်ကိုလည်း အားလုံးက သွင်းကုန်အခွန် ၅၀ မှ ၁၀၀ ရာခိုင်နှုန်းအထိ စည်းကြပ်မှဖြစ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၃ ရက်တွင် တိုက်တွန်းသည်။

စက်တင်ဘာ ၁၀ ရက်နေ့က ယူကရိန်းအား ပစ်ခတ်သည့် ရုရှားဒရုန်းများ နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံ လေပိုင်နက်ထဲသို့ ဝင်လာသဖြင့် ပစ်ချခဲ့ရမှုများဖြစ်ခဲ့ပြီးနောက် ယခုလို ရုရှား၏ စစ်ပွဲဆင်းနွှဲ့နေနိုင်ခြင်း တွင် အဓိကဝင်ငွေရင်းမြစ်မှာ ရေနံနှင့်သဘာ၀ဓာတ်ငွေဖြစ်ပြီး ၎င်းတို့အားအဓိက ဝယ်ယူကာ အားဖြည့်ပေးနေသော တရုတ်ကိုလည်း တစ်ပေါင်းတည်းထိခိုက်စေမည့် လုပ်ဆောင်မှုများ လုပ်သင့်သည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။

စစ်ပြီးဆုံးရန် ရုရှားနှင့်ဆွေးနွေးမှုတွင် နေတိုးမဟာမိတ်များဘက်က ရုရှားရေနံကို အားကိုးနေရလျှင် ညှိနှိုင်းမှုအာဏာ လျော့ပါစေမည်ဖြစ်သောကြောင့် အားလုံး ရုရှားမှ ရေနံစိမ်းများ မဝယ်တော့ဘဲ တရုတ်ကိုပါ သွင်းကုန်အခွန် ၅၀ မှ ၁၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမှသာလျှင် ထိရောက်နိုင်မည် ဟု ဒေါ်နယ်ထရမ့်က တိုက်တွန်းသွားခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်နောက်ပိုင်း နေတိုးအဖွဲ့ဝင်တူရကီသည် ရုရှားရေနံဝယ်ယူမှုတွင် တတိယ အများဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်လာကာ ၎င်းရှေ့တွင် တရုတ်နှင့် အိန္ဒိယတို့က အများဆုံး ဝယ်ယူတင်သွင်းထား ကြောင်း သိရသည်။

စွမ်းအင်နှင့်သန့်ရှင်းသောလေ သုတေသနစင်တာ၏ ထုတ်ပြန်မှုအရ နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံအတွင်း ရုရှားထံမှ ရေနံဝယ်ယူနေဆဲနိုင်ငံများထဲ ဟန်ဂေရီနှင့်ဆလိုဗက်ကီးယား တို့လည်း ပါဝင်နေသေးသည်ဟု သိရသည်။

နေတိုးမဟာမိတ်နိုင်ငံများတွင် ရုရှားမှ ရေနံစိမ်းဝယ်ယူတင်သွင်းမှုကို ရပ်ဆိုင်းလိုက်ပါက ပြည်တွင်း ပို့ဆောင်ရေးကဏ္ဍများစွာ ထိခိုက်စေကာ ရေနံစျေးသည်လည်း ပိုမိုမြင့်မားလာနိုင်သဖြင့် အနောက်တိုင်းတစ်ခုလုံး စီးပွားရေးကို ဆိုးကျိုးသက်ရောက်နိုင်သည်ဟု ရှုမြင်ထားသဖြင့် ရုရှားထံမှ ဆက်လက် ဝယ်ယူနေကြခြင်းဖြစ်သည်။

ကိုကလင်း
Ref: france24
#ရုရှား
#ရေနံ
#တရုတ်
#ဒေါ်နယ်ထရမ့်
#တူရကီ
#ဟန်ဂေရီ
#ဆလိုဗက်ကီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now