ကမ္ဘာ့သတင်း

နီပေါတွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် တင်မြှောက်ပြီး မတ် ၅ ရက် ရွေးကောက်ပွဲကျင်းပမည်

မဲခေါင် 13 Sep - 2025
မဲခေါင်၊​ စက်တင်ဘာ ၁၃ နီပေါနိုင်ငံတွင် လူမှုကွန်ရက်များပိတ်ပင်ရာမှ စတင်သည် Gen Z များဦးဆောင်သော လူထုအုံကြွမှုအပြီး နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ယခင် တရားရေးချုပ်ဟောင်း ဆူရှီလာကာကီကို စက်တင်ဘာ ၁၂ ရက်နှောင်းပိုင်း၌ ယာယီဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်သည်။ လူဦးရေ သန်း ၃၀ ရှိသော နီပေါနိုင်ငံသည် အင်အားကြီးတရုတ်နှင့် အိန္ဒိယတို့အကြား လူးလွန့်ရခက် သည့်အနေအထားဖြင့် နိုင်ငံဆင်းရဲဒုက္ခများစွာ ဖြစ်တည်နေချိန် အစိုးရက လူမှုကွန်ရက်ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့သဖြင့် အကျင့်ပျက်ခြစားနေသော အစိုးရအဖွဲ့ဝင်အကြီးများကို လူငယ်ထုက ဦးဆောင်ကာ တောလှန်ဖြုတ်ချရာမှာ အဓိကရုဏ်များဖြစ်ပွားပြီး လူ ၅၀ ကျော် သေဆုံးခဲ့ရသည်။ နီပေါ သမ္မတ၊ စစ်တပ်အကြီးအကဲများနှင့် GenZ ခေါင်းဆောင်များ

မဲခေါင်၊​ စက်တင်ဘာ ၁၃

နီပေါနိုင်ငံတွင် လူမှုကွန်ရက်များပိတ်ပင်ရာမှ စတင်သည် Gen Z များဦးဆောင်သော လူထုအုံကြွမှုအပြီး နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ယခင် တရားရေးချုပ်ဟောင်း ဆူရှီလာကာကီကို စက်တင်ဘာ ၁၂ ရက်နှောင်းပိုင်း၌ ယာယီဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်သည်။

လူဦးရေ သန်း ၃၀ ရှိသော နီပေါနိုင်ငံသည် အင်အားကြီးတရုတ်နှင့် အိန္ဒိယတို့အကြား လူးလွန့်ရခက် သည့်အနေအထားဖြင့် နိုင်ငံဆင်းရဲဒုက္ခများစွာ ဖြစ်တည်နေချိန် အစိုးရက လူမှုကွန်ရက်ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့သဖြင့် အကျင့်ပျက်ခြစားနေသော အစိုးရအဖွဲ့ဝင်အကြီးများကို လူငယ်ထုက ဦးဆောင်ကာ တောလှန်ဖြုတ်ချရာမှာ အဓိကရုဏ်များဖြစ်ပွားပြီး လူ ၅၀ ကျော် သေဆုံးခဲ့ရသည်။

နီပေါ သမ္မတ၊ စစ်တပ်အကြီးအကဲများနှင့် GenZ ခေါင်းဆောင်များ စည်းဝေးပြီးနောက် တရားရေးချုပ်နှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်ဟောင်း မစ္စ ဆူရှိလာကာကီကို ယာယီဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့ကာ အမတ်နေရာ ၂၇၅ နေရာရှိသော လွှတ်တော်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း စင်တက်ဘာ ၁၂ ရက်မှာပင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုကြေညာချက်နှင့် အတူ နိုင်ငံအစိုးရသစ်နှင့်လွှတ်တော်သစ် ထူထောင်ရေး ရွေးကောက်ပွဲကို မတ် ၅ ရက်၌ ကျင်းပသွား မည်ဟုလည်း သမ္မတရမ်ချန်ဒရာပူဒဲလ်က အတည်ပြုထုတ်ပြန်သွားခဲ့သည်။

စက်တင်ဘာ ၁၃ ရက်တွင် တာဝန်ရှိသူများသည် တစ်ပတ်အတွင်းပြန်လည် ငြိမ်သက်သွားသော တိုင်းပြည်အခြေအနေကြောင့် မြို့တော် ခတ္တမန္ဒူနှင့် တခြားသော ဒေသများ၌ ကာဖျူးထုတ်ထားမှု နှင့်အခြားသော တင်းကြပ်ထားသည့် စည်းမျဉ်းဥပဒေများကို ဖြေလျှော့ဖျက်သိမ်းပေးခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်မှစတင်ဖြစ်ပွားသော နီပေါအရေးအခင်းတွင် ဆန္ဒပြသူ ၂၁ ဦး၊ အကျဉ်းသား ၉ ဦး၊ ရဲအရာရှိ ၃ ဦး၊ အခြား ၁၈ ဦး၊ စုစုပေါင်း ၅၁ ဦး သေဆုံးခဲ့ရပြီး ထောင်များဖောက် ထွက်ပြေးသွားသည့်အထဲမှ ထောင်သား ၁၀၀၀ ပြန်လည်လာရောက်ဖမ်းဆီးခံပြီး ကျန်ရှိ ၁၂၅၀၀ ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့ကြေညာချက်အရ သိရှိရသည်။

နီပေါ ဝန်ကြီးချုပ်နှင့်အစိုးရ ပြုတ်ကျသွားသည်အထိ တော်လှန်ခဲ့သော ယခုအရေးအခင်းသည် နိုင်ငံ စီးပွားရေးသွက်ချာပါဒလိုက်ခြင်းတစ်ခုတည်းကြောင့်မဟုတ်ဘဲ နိုင်ငံရေးခေါင်းဆောင်များသည် အလွန် ချမ်းသာကြွယ်၀သည့် ဇိမ်ခံဘ၀များနှင့်နေထိုင်ကြချိန် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်း၊ အထူးသဖြင့် ကျေးလက်ဒေသများတွင် လုပ်စရာမရှိသဖြင့် သန်းနှင့်ချီသော လူငယ်များ အရှေ့အလယ်ပိုင်း၊ တောင်ကိုရီးယားနှင့် မလေးရှားတို့သို့ သွားရောက်ကာ အောက်ကျနောက်ကျ အလုပ်လုပ်နေရမှုအတွက် Gen Z လူငယ်များက ပေါက်ကွဲပြီး အစိုးရကို အပြီးတိုင် ဖြုတ်ချလိုက်နိုင်ခြင်းဖြစ်သည်။

အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ကာကီကို ခန့်အပ်လိုက်ခြင်းအား အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဂုဏ်ယူ ကြောင်းနှင့် ညီအစ်ကို၊ ညီအစ်မလို အိမ်နီးချင်းနီပေါနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေးကို အလိုရှိကြောင်း လူမှုကွန်ရက် X တွင် ရေးတင်ခဲ့သည်။ တရုတ်ဘက်ကမူ ဝန်ကြီးချုပ်သစ် ကာကီ ဖြစ်လာခြင်းအတွက် မည်သည့် မှတ်ချက်မှ မပြုသေးပေ။

ကိုကလင်း
Ref: aljazeera
#MeKongNews
#နီပေါနိုင်ငံ
#အမျိုးသမီးဝန်ကြီးချုပ်
#ခတ္တမန္ဒူမြို့တော်
#လူမှုကွန်ယက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now