နေ့စဥ်သတင်း

ထိုင်းရွေးကောက်ပွဲအသစ်အတွက် ဖွေထိုင်းပါတီ စတင်ပြင်ဆင်

မဲခေါင် 11 Sep - 2025
မဲခေါင်၊​ စက်တင်ဘာ ၁၁ ဖခင် သက်ဆင်ကို ထိုင်းတရားရုံးချုပ်က ထောင်အတွင်း ၁ နှစ်ကျခံရန် စီရင်ချက်ချပြီးနောက် စက်တင်ဘာ ၉ ရက်တွင် ဖွေထိုင်းပါတီ အမှုဆောင်ကော်မတီနှင့် လွှတ်တော်တွင်းမှ ပါတီအမတ်များကို ပါတီခေါင်းဆောင် ပေထောင်တန်က အစည်းအဝေးခေါ်ယူကာ နောက်လာမည့်ရွေးကောက်ပွဲအတွက် စတင်ပြင်ဆင်ပြီဟု ထုတ်ပြန်ခဲ့သည်။ လက်ရှိ ဝန်ကြီးချုပ်သစ် အနုထင်သည် ၄ လအတွင်း လွှတ်တော်ဖျက်သိမ်းကာ ရွေးကောက်ပွဲသစ် ကျင်းပပေးရမည်ဖြစ်ရာ နောက်လအတွင်းမှာပင် မိမိတို့ပါတီက မဲဆန္ဒနယ် ၄၀၀ စလုံး၌ ပါဝင်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ပြီးစီးစေမည်ဖြစ်ကြောင်း၊ ပါတီအင်အားအခြေခံ ပိုမို တောင့်တင်းစေရန် မူဝါဒများလည်း စတင်ရွေးဆွဲနေပြီဖြစ်ကာ စွပ်စွဲချက်အမျိုးမျိုး အဆုံးသတ်သွား စေရန်ရည်ရွယ်ပြီး ပေထောင်တန်နှင့် ဖခင်

မဲခေါင်၊​ စက်တင်ဘာ ၁၁

ဖခင် သက်ဆင်ကို ထိုင်းတရားရုံးချုပ်က ထောင်အတွင်း ၁ နှစ်ကျခံရန် စီရင်ချက်ချပြီးနောက် စက်တင်ဘာ ၉ ရက်တွင် ဖွေထိုင်းပါတီ အမှုဆောင်ကော်မတီနှင့် လွှတ်တော်တွင်းမှ ပါတီအမတ်များကို ပါတီခေါင်းဆောင် ပေထောင်တန်က အစည်းအဝေးခေါ်ယူကာ နောက်လာမည့်ရွေးကောက်ပွဲအတွက် စတင်ပြင်ဆင်ပြီဟု ထုတ်ပြန်ခဲ့သည်။

လက်ရှိ ဝန်ကြီးချုပ်သစ် အနုထင်သည် ၄ လအတွင်း လွှတ်တော်ဖျက်သိမ်းကာ ရွေးကောက်ပွဲသစ် ကျင်းပပေးရမည်ဖြစ်ရာ နောက်လအတွင်းမှာပင် မိမိတို့ပါတီက မဲဆန္ဒနယ် ၄၀၀ စလုံး၌ ပါဝင်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ပြီးစီးစေမည်ဖြစ်ကြောင်း၊ ပါတီအင်အားအခြေခံ ပိုမို တောင့်တင်းစေရန် မူဝါဒများလည်း စတင်ရွေးဆွဲနေပြီဖြစ်ကာ စွပ်စွဲချက်အမျိုးမျိုး အဆုံးသတ်သွား စေရန်ရည်ရွယ်ပြီး ပေထောင်တန်နှင့် ဖခင် သက်ဆင်တို့ တိုင်ပင်ကာ တရားရုံးချုပ်ချမှတ်သည့် အမိန့် အတိုင်းလိုက်နာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒါနူပေါင်ပန်နာကန့်က စက်တင်ဘာ ၉ ရက်နှောင်းပိုင်း ထုတ်ပြန်သွားခဲ့သည်။

နောက်လာမည့်ရွေးကောက်ပွဲအောင်နိုင်ရေး ပထမဆုံးလုပ်ရမည်မှာ အမှုဆောင်ကော်မတီအစည်း အဝေးဖြစ်ပြီး ထိုမှ ရွေးကောက်ပွဲအခြေအနေချင့်တွက်မှုလုပ်ပြီးနောက် သတ်မှတ်အချိန်အတွင်း လုပ်ငန်းဆောင်တာများပြီးစီးရန်၊ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးကော်မတီ ကဲ့သို့သော ကော်မတီများထူထောင်ရန် စီစဉ်မည်ဖြစ်ကာ ထိုကော်မတီများတွင် ပါတီအတွေ့အကြုံရင့် ခေါင်းဆောင်များပါဝင်ပြီး နောက်လအတွင်း မဲဆန္ဒနယ် ၄၀၀ စလုံးအတွက် ကိုယ်စားလှယ်လောင်း များ ရွေးချယ်ပြီးမြောက်လောက်မည်ဟု ခန့်မှန်းကြောင်း ဒါနူပေါင်က ရှင်းလင်းထုတ်ပြန်သွားသည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းရွေးကောက်ပွဲ
#သက်ဆင်
#လွတ်တော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now