မဲခေါင်၊ စက်တင်ဘာ ၃
စက်တင်ဘာ ၃ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဒုတိယကမ္ဘာ့စစ် ဂျပန်အား စစ်အောင်ခဲ့သော တော်လှန်ရေးအောင်ပွဲအထိမ်းအမှတ်အဖြစ် အကြီးမားဆုံးသော စစ်ရေးချီတက်သရုပ်ပြမှုများ လုပ်ဆောင်ခဲ့ရာ တရုတ်သမ္မတ ရှီကျင်းဖျင်ဆီသို့ မကောင်းဆိုးဝါး ဝင်ရိုးတန်းသုံးဖော်အဖြစ် ရောက်ရှိလာသော ရုရှားသမ္မတ ပူတင်နှင့်မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ကို ပူးပေါင်းဆန့်ကျင်နေမှုအတွက် နွေးထွေးစွာ ကျေးဇူးတင်ကြောင်း အရွဲ့တိုက် ထုတ်ပြန်သွားခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ မြောက် အခမ်းအနားတွင် တရုတ်စစ်သည်ထောင်သောင်းချီ ချီတက်သလို အဆင့်အမြင့်ဆုံး ဖိုက်တာဂျက်လေယာဉ်သစ်များ၊ သံချပ်ကာကားများ၊ စစ်ရေး အသုံးအဆောင်သစ်များ ခင်းကျင်းပြသခဲ့သည်။
ပရိသတ် ၅၀၀၀၀ တက်ရောက်ပြီး နိုင်ငံခေါင်းဆောင် ၂၆ ယောက်လည်း တက်ရောက်သည့် အဆိုပါ အခမ်းအနားတွင် ရှီကျင်းဖျင်က ယနေ့ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးလား စစ်ရေးလား၊ ဆွေးနွေးခြင်းလား ထိပ်တိုက်တွေ့ဆုံခြင်းလား၊ အနိုင်-အနိုင်သီအိုရီ လား သုညဖြစ်စေမှုလား စသည်တို့နှင့် ဆန့်ကျင်ဘက် ရင်ဆိုင်နေရသည်ဟု ပြောဆိုခဲ့ရာ ခြိမ်းခြောက် သည့်သဘော သက်ရောက်နေသည်ဟု သုံးသပ်နေကြသည်။
ရှီကျင်းဖျင်နှင့်အတူ ပူတင်နှင့် ကင်ဂျုံအန်တို့ တပူးတွဲတွဲရှိနေသည့် အခြေအနေအား ဒေါ်နယ်ထရမ့်က ၎င်း၏ Truth လူမှုကွန်ရက်အကောင့်တွင် ဒေါသဖြစ်ကာ အရွဲ့တိုက်စကားအဖြစ် ယခုလို ရေးတင်သွားခဲ့သည်။
“အမေရိကန်ပြည်ထောင်စုကို ဆန့်ကျင်ဖို့ ပူးပေါင်းကြံစည်နေကြတဲ့ ပူတင်နဲ့ ကင်ဂျုံအန်တို့ကို နွေးထွေးစွာ ကြိုဆိုပါတယ်” ဟု ထရမ့်က ရေးတင်သွားခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ကင်ဂျုံအန်
#ပူတင်
#ရှီကျင်းဖျင်
#ဒေါ်နယ်ထရမ့်








