မဲခေါင်၊ ဩဂုတ် ၂၆
ဂျပန်နိုင်ငံသည် စံချိန်တင် နွေရာသီအပူချိန်ကြောင့် ပင်လယ်ရေများပူနွေးလာသည့်အတွက် သံပချုပ်များ ရှားပါးလာကာ ၁၀၀ ဂရမ် ပန်းကန်လုံးတစ်လုံးစာတန်ကြေးသည် ယန်း ၁၅၀၀၀ မှ ၁၈၀၀၀ (ဒေါ်လာ ၁၃၀ မှ ၁၅၆ ဒေါ်လာ) အထိ စျေးနှုန်းမြင့်တက်လာသည်။
ရီရှီရီ အိုရှီဒိုမာရီတွင် မိသားစုအစဉ်အဆက် နှစ် ၅၀ ကြာ ဖွင့်လှစ်ထားသော ဆာတိုရှိုကူဒိုစားသောက်ဆိုင်ပိုင်ရှင် ကီမီကိုဆာတိုက “စာသုံးသူတွေ သံပချုပ်စျေးနှုန်းကြည့်ပြီး အံ့ဩ နေကြရပြီ။ လွန်ခဲ့တဲ့နှစ်တွေကစျေးထက် ၂ ဆကျော်တက်သွားတာပါ။ ရာသီဥတု အပူချိန်ကိုပဲ အပြစ် တင်ရပါလိမ့်မယ်။ ပင်လယ်ရေနွေးလာမှုကြောင့် သံပချုပ်တွေကို ရှာဖွေတွေ့ရှိဖို့ သိပ်ခက်ခဲလာတယ်။ ပင်လယ်ရေအပူချိန်ဟာ ဒီနှစ်ထဲ ၅ ဒီဂရီဆဲလ်စီးယက်စ် ထပ်မြင့်တက်လာတာကြောင့်ပါ” ဟု ရှင်းလင်း ပြောဆိုခဲ့သည်။
ဂျပန်နိုင်ငံတွင် သံပချုပ်သည် သူဌေးစာအဖြစ် စျေးကြီးသည့် ပင်လယ်စာဖြစ်ကာ ဂျပန်နိုင်ငံ၏ မိသားစုတစ်ခု စားသောက်မှုကုန်ကျစားရိတ်သည်လည်း နှစ်ပေါင်း ၄၃ နှစ်အတွင်း အမြင့်ဆုံးအဆင့် သို့စျေးနှုန်းမြင့်တက်လာပြီး ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းအထိ စားသောက်စားရိတ်ကုန်ကျနေသဖြင့် အစိုးရအာဏာပိုင်များက စျေးနှုန်းကျဆင်းရေး အားချင်းဖြေရှင်းရမည့်အနေအထားရောက်နေသည်။
ပင်လယ်ရေအေးစီးကြောင်းများတွင် အဓိကနေထိုင်ရှင်သန်ကြသော ဆယ်လ်မွန်၊ ကင်းမွန် အစရှိသည် ပင်လယ်စာများလည်း ရေးများပူနွေးလာခြင်းကြောင့် ရှားပါးလာခြင်းနှင့်အတူ လွန်ခဲ့သော နှစ် ၂၀ က စျေးထက် ၅ ဆ မြင့်တက်နေကြောင်း သိရသည်။
ကိုကလင်း
Ref: asiaone
#MeKongNews
#ဂျပန်
#သံပခြုပ်
#နွေရာသီ
#အပူချိန်မြင့်တက်








