မဲခေါင်၊ ဩဂုတ် ၁၉
ထိုင်းဝန်ကြီးချုပ် ဖမ်သမ်ဝီချာရာချိုင်က လူများသေဆုံးပြီး နေအိမ်များပျက်စီးခဲ့ရသည့် နယ်စပ် ဒေသစစ်ပွဲကြောင့် အဓိကတရားခံ ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဌ ဟွမ်ဆန်နှင့် သားဖြစ်သူ ဝန်ကြီးချုပ် ဟွမ်မာနက်တို့ကို ထိုင်းနိုင်ငံထဲသို့ဝင်ရောက်လာလျှင် ဖမ်းဆီးနိုင်ရေး ပြည်တွင်းတရားရုံး တစ်ခုမှ စွဲချက်တင်မည်ဟု ပြောဆိုခဲ့ရာ ဟွမ်ဆန်ကလည်း မိမိတို့လည်း ထိုင်းခေါင်းဆောင်များကို ပြန်လည် ဖမ်းဆီးနိုင်သည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။
ဖမ်သမ်က လက်ရှိတွင် ပြည်တွင်းတရားရုံးတစ်ခုမှ ဟွမ်ဆန်နှင့်သားဖြစ်သူကို တရားစွဲဖမ်းဆီးနိုင်ရန် စီစဉ်နေပြီး စစ်ရာဇဝတ်မှုကျူးလွန်မှုအတွက် ICC သို့တက်ပြီး တရားစွဲနိုင်ရန်လည်း လုံလောက်သော သက်သေအထောက်အထားများ စုဆောင်းတိုင်ပင်ရနိုင်သည်ဟု ပြောသွားခဲ့ခြင်းဖြစ်သည်။
ထိုသတင်းနှင့်ပတ်သက်ပြီး ဟွမ်ဆန်က နိုင်ငံခေါင်းဆောင်တစ်ဦး၏ မဆင်မခြင်ပြောစကားဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံအချင်းချင်းကြားရှိ ဓလေ့ထုံးတမ်းဥပဒေနှင့် သံတမန်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ချိုးဖောက်လုပ်ဆောင်မှုဖြစ်ကြောင်း၊ ထိုစကားသာမှန်ခဲ့လျှင် တန်ပြန်ကာ ထိုင်းခေါင်းတောင်များ ကမ္ဘောဒီးယားနိုင်ငံထဲဝင်သည်နှင့် မိမိတို့ဘက်မှ နယ်မြေကျူးကျော်ခဲ့သူ၊ ပြည်သူများကို သတ်ခဲ့သည့်တရားခံများအဖြစ် ဖမ်းဆီးနိုင်သည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
ဖမ်သမ်၏ မဆင်မခြင်ပြောစကားကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်ကာ တင်းမာမှုများပြန်လည်မြင့်တက်လာနိုင်သည်ဟုလည်း ဟွမ်ဆန်က ဆိုသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#ဟွမ်ဆန်
#ဖမ်းဆီး
#သံတမန်ရေး








