မဲခေါင်၊ ဩဂုတ် ၁၉
မော်စကိုရှိ ကယ်တင်ရှင်ခရစ်တော် အော်သိုဒေါ့ဘုရားကျောင်းရှေ့၌ TikTok အတွက် Sexy Dance ကမှု ကိုရိုက်ကူးခဲ့သော ၁၈ နှစ်ဝန်းကျင် ကျောင်းသူ ၃ ဦးကို ရုရှားကျင့်ဝတ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး ချွေးတပ် သို့ ၁၁ လ ဝင်ရန် အမိန့်ချမှတ်ခဲ့သည်။
ပူတင်လက်ထက်တွင် ရိုးရာယဉ်ကျေးမှုတန်ဖိုး ကျဆင်းစေသူများအား ခြေမှုန်းနေခဲ့ရာ ပူတင်ရန်ဖန်ရန်ခါ တက်ရောက်သည့် ကယ်တင်ရှင်ခရစ်တော် ဘုရားကျောင်းအား နောက်ခံထားပြီး မော်စကိုမြို့နေ ဒီမီထရီဗာ၊ အက်စထရာခန်းမြို့နေ ကာလင်ကီနာနှင့် အီလက်ထရိုစတယ်မြို့နေ ပီချီလင့်ဆီဗာဟု အမည်ရသော တက္ကသိုလ်ကျောင်းသူ ၃ ဦး လိင်စွဲဆောင်မှုပြင်းသော အဝတ်အစား အတိုအပြတ်များဝတ်ကာ တင်လှုပ်ကနေခဲ့ခြင်းဖြစ်သည်။
ယင်းမိန်းကလေးငယ် ၃ ယောက်စလုံးကို တက္ကသိုလ်မှ ထုတ်ပယ်သည့်အပြင် လူမြင်ကွင်း၌ မလျှော်ကန်သော အပြုအမူများလုပ်ဆောင်ခြင်း၊ အများသူငှာ ကိုးကွယ်ရာ ဘုရားကျောင်းကို စော်ကားခြင်းများပြုလုပ်သည်ဟုဆိုကာ ချွေးတပ်တွင် ၁၁ လကြာ အကျဉ်းချရန် စီရင်ချက်ချခဲ့ခြင်း ဖြစ်သည်။
အော်သိုဒေါ့ခရစ်ယာန်ဘာသာအတွက် ဦးဆောင်လှုပ်ရှားသူများကလည်း လူများအကြား ပေါ်ပြူလာ ဖြစ်ရန်သာ ဦးတည်ပြီး ဦးနှောက်မရှိလုပ်ဆောင်ခဲ့ကြသော မိန်းကလေးငယ်များ ပြစ်ဒဏ်နှင့် ထိုက်တန် သည်ဟု ပြောဆိုခဲ့ကြသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#မော်စကိုမြို့
#အော်သိုဒေါ့ဘုရားကျောင်း
#ရုရှား
#ရိုးရာယဉ်ကျေးမှု








