မဲခေါင်၊ဩဂုတ် ၁၆
အလက်စကားတွင် ဒေါ်နယ်ထရမ့်နှင့် ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲမစခင် ဓာတ်ပုံမှတ်တမ်း ယူရာ၌ ဆူညံပွက်လောရိုက်နေသည့် သတင်းသမားများအား ရုရှားသမ္မတပူတင် စိတ်ရှုပ်စွာဖြင့် ကြည့်နေခဲ့ပြီး သတင်းထောက်တစ်ဦးက အမေရိကန်အနေဖြင့် ပူတင်စကားကို ယုံကြည်ရမည်လား၊ ဘယ်တော့ လူသတ်နေတာတွေရပ်တန့်မလဲဟု မေးမြန်းရာ ပူတင်သည် ဒေါသတကြီးပြန်အော်ခဲ့ကြောင်း သိရသည်။
ရုပ်သံမှတ်တမ်းတစ်ခု၌ မီဒီယာသမားများ ဆူညံနေစဉ် တစ်ဦးက ပူတင်အား ဒေါသဖြစ်စေမည့် အဆိုပါမေးခွန်းကို မေးခဲ့ရာ ပူတင်က ဗလုံးဗထွေးဖြင့် ပြန်အော်ဟစ်ခဲ့သည်ကို မြင်တွေ့ရသည်။
မည်သည့်စကားပြောသည်ဆိုခြင်းကို နှုတ်အမူအယာဖတ်ရှုမှုကျွမ်းကျင်သူ နီကိုလာဟစ်ကလင်းက ခန့်မှန်းရာတွင် ပူတင်သည် မေးမြန်းသူအား မင်းဘာမှ မသိတဲ့ကောင် (you are ignorant) ဟု အော်ဟစ်ခြင်းဖြစ်ကြောင်း The Sun သတင်းဌာနသို့ ပြောကြားခဲ့သည်။
ထရမ့်နှင့် ပူတင်တို့ နာရီအနည်းငယ်အကြာ တံခါးပိတ်တွေ့ဆုံဆွေးနွေးမှုအပြီး ဒေါ်နယ်ထရမ့်၏ ထုတ်ပြန်ချက်အရ ပူတင်သည် ငြိမ်းချမ်းရေးကို စစ်မှန်သောစိတ်ထားဖြင့် အလိုရှိသည်ဟု ပြောခဲ့ကြောင်း၊ မိမိတို့ ဦးတည်သည်မှာ အပစ်အခတ်ရပ်စဲရေးသက်သက်မဟုတ်ဘဲ ထာ၀ရ ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန် ရည်ရွယ်ကြောင်း၊ ဆွေးနွေးမှုရလာဒ်သည် အလွန်အကျိုးရှိစေပြီး ငြိမ်းချမ်းရေးစာချုပ် မှာမူ မချုပ်ဆိုနိုင်ဘဲ ချုပ်ပြီးကာမှ အတည်ဖြစ်မည်ဟု ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့သည်။
အစည်းအဝေးပြီးနောက် ဒေါ်နယ်ထရမ့်သည် ၄၈ နာရီအတွင်း ဝါရှင်တန်သို့ ယူကရိန်းသမ္မတ ဇီလန်းစကီးအရောက်လာစေရန် ဆင့်ခေါ်ခဲ့ကာ အဆုံးသတ် သဘောတူညီမှုများ လုပ်ဆောင်နိုင်ရေး ဇီလန်းစကီးနှင့်တွေ့ဆုံဆွေးနွေးမှုလုပ်သွားမည်ဟု သိရသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ပူတင်
#အမေရိကန်
#အလာစကာ
#သတင်းသမား








