မဲခေါင်၊ ဩဂုတ် ၁၄
ဩဂုတ် ၁၃ ရက်နေ့က ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ခမ်တာကလာ ခရိုင်ရှိ ပိတ်ထားသော ဂိုထောင် တစ်ခုအတွင်းရှိသည့် ကားထဲမှ စိတ်ကြွဆေးပြား ၅ သန်း သိမ်းဆည်းရမိခဲ့သည်။
ရှည်လျားသော အစိုးရရုံးပိတ်ရက်များအတွင်း ကမ္ဘောဒီးယားနယ်စပ် ဆာခဲယိုခရိုင်မှတစ်ဆင့် စိတ်ကြွဆေးများ တင်သွင်းကာ နိုင်ငံတစ်ဝန်း ဖြန့်ဖြူးရောင်းချရန် မူးယစ်မှောင်ခိုသမားများ လှုပ်ရှားနေသည့်သတင်းကြားထားပြီးနောက် ထိုင်းအမျိုးသမီးတစ်ဦးက ၎င်းငှားထားသည့် ဂိုထောင်သည် ကားဝပ်ရှော့ဖွင့်ရန် ရည်ရွယ်သည်ဆိုသော်လည်း ယခုအထိ ပိတ်ထားဆဲဖြစ်သည့်အတွက် မသင်္ကာသောကြောင့် ရဲအား တိုင်ကြားရာတွင် ထိုဂိုထောင်ထဲမှ ဆာခဲယိုလိုင်စင်နံပါတ်ဖြင့် ပစ်ကပ် ကားပေါ် စိတ်ကြွဆေး ၅ သန်းအား ထိုင်ခုံများအောက်၌ ထည့်သွင်းထားရှိသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဂိုထောင်လာငှားသူသည် ဆာခွန်းနာခွန်းမှ ၁၈ နှစ်အရွယ် ထိုင်းအမျိုးသားဖြစ်ပြီး ဂိုထောင်ကို ကားဝပ်ရှော့ဖွင့်မည်ဟုဆိုကာ တစ်လ ဘတ် ၂၅၀၀ ဖြင့် ၂ လစာပေးငှားထားပြီး ယခုထိ ဝပ်ရှော့ခ် မဖွင့်ခဲ့ကြောင်း၊ မူးယစ်ဆေးများသယ်ဆောင်သည့် ကားပိုင်ရှင်မှာလည်း ယခင် မူးယစ်ဆေးမှုဖြင့် ရာဇဝင်ရှိသူဖြစ်ကြောင်း သိရှိရသည်။
ကိုကလင်း
Ref:Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#စိတ်ကြွဆေးပြား
#ကမ္ဘောဒီးယား
#ကားဂိုထောင်








