ကမ္ဘာ့သတင်း

ဩစတြေးလျ၌ ဥက္ကာပျံကျရောက်မှု ကျယ်လောင်သံနှင့်အတူ နေအိမ်များပါ လှုပ်ခါ

မဲခေါင် 12 Aug - 2025
မဲခေါင်၊ ဩဂုတ် ၁၂ ဩဂုတ် ၁၀ ရက်နေ့ ဒေသစံတော်ချိန် ည ၈ နာရီတွင် ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်၌ နေထိုင် ကြသူများသည် ကောင်းကင်ထက် မီးလုံးကြီးအဖြစ် ထိုးဆင်းလာသော ဥက္ကာပျံဟု ယူဆရသော အစိုင်အခဲတစ်ခု မြေပြင်ပေါ် ကျရောက်သောကြောင့် ကျယ်လောင်သော အသံကြီးကြားရသလို နေအိမ်များပင် လှုပ်ခါသွားသည်ကို ခံစားသိရှိခဲ့ရသည်။ လူမှုကွန်ရက်များပေါ်တွင် မျက်စိကျိန်းစပ်လောက်သည့် အလင်းတန်းမီးလုံးကြီး ပျံဝဲပြီး မြေပြင်ပေါ် ကျရောက်ပုံများ တင်နေကြကာ တစ်ဦးက ဒေးလက်စ်ဖို့ဒ်အရပ်အနီး ထိုဖြစ်စဉ်ဖြစ်ပွားကာ ယခင် မည်သူမျှ ထိုဖြစ်စဉ်မျိုး မမြင်ဖူးခဲ့ဟု ရေးသားဖော်ပြခဲ့သည်။ နောက်တစ်ဦးက ခင်ပွန်းဖြစ်သူသည် ထို မီးလုံးကြီးကို မြင်တွေ့ပြီး ကျရောက်ချိန်တွင် ကျယ်လောင်သောအသံနှင့်အတူ အိမ်ပါ

မဲခေါင်၊ ဩဂုတ် ၁၂

ဩဂုတ် ၁၀ ရက်နေ့ ဒေသစံတော်ချိန် ည ၈ နာရီတွင် ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်၌ နေထိုင် ကြသူများသည် ကောင်းကင်ထက် မီးလုံးကြီးအဖြစ် ထိုးဆင်းလာသော ဥက္ကာပျံဟု ယူဆရသော အစိုင်အခဲတစ်ခု မြေပြင်ပေါ် ကျရောက်သောကြောင့် ကျယ်လောင်သော အသံကြီးကြားရသလို နေအိမ်များပင် လှုပ်ခါသွားသည်ကို ခံစားသိရှိခဲ့ရသည်။

လူမှုကွန်ရက်များပေါ်တွင် မျက်စိကျိန်းစပ်လောက်သည့် အလင်းတန်းမီးလုံးကြီး ပျံဝဲပြီး မြေပြင်ပေါ် ကျရောက်ပုံများ တင်နေကြကာ တစ်ဦးက ဒေးလက်စ်ဖို့ဒ်အရပ်အနီး ထိုဖြစ်စဉ်ဖြစ်ပွားကာ ယခင် မည်သူမျှ ထိုဖြစ်စဉ်မျိုး မမြင်ဖူးခဲ့ဟု ရေးသားဖော်ပြခဲ့သည်။

နောက်တစ်ဦးက ခင်ပွန်းဖြစ်သူသည် ထို မီးလုံးကြီးကို မြင်တွေ့ပြီး ကျရောက်ချိန်တွင် ကျယ်လောင်သောအသံနှင့်အတူ အိမ်ပါ လှုပ်ခါသွားသည် ဟု ရေးသားခဲ့သည်။

ယင်းမီးအလင်းတန်းကြီးကို မဲလ်ဘုန်းမြို့ကောင်းကင်ယံတွင် မြင်တွေ့ကြရပြီး မြေပေါ်ကျချိန်တွင် အလင်းဖြာထွက်မှုတစ်ချက်ဖြစ်ပြီးမှ ပျောက်ကွယ်သွားသည်ဟု ဆိုသည်။

မိုနက်ရှ်တက္ကသိုလ် ပရော်ဖက်ဆာ မိုက်ကယ်ဘရောင်းက အသံထက်မြန်သော ဗုံးတစ်လုံးပေါက်ကွဲသည့် အသံမျိုးဖြစ်ကာ အမှန်တကယ် ဥက္ကာပျံကျရောက်မှုဆိုလျှင် ကမ္ဘာနှင့်အလွန်နီးကပ်စွာ ပျံသန်းသည့် ဥက္ကာပျံ ပဲ့ထွက်ကာ ကြုံတောင့်ကြုံခဲ့ ကမ္ဘာမြေပေါ် ကျလာခြင်းမျိုးဖြစ်မည်ဟု သုံးသပ်ခဲ့သည်။

ဗစ်တိုးရီးယားအရပ်တွင် ကျောက်ခဲအမျိုးအစားပေါင်းများစွာ ရှိနေသည့်အတွက် ကျလာသော ဥက္ကာပျံကို ရှာဖွေတွေ့ရှိနိုင်ရေးမှာလည်း မလွယ်ကူသောကိစ္စဖြစ်ကြောင်း၊ မြေသို့ကျပြီးချိန်တွင် အဆိုပါ ဥက္ကာပျံ အပိုင်းအစများသည် စင်တီမီတာအရွယ်မျှအထိ မှုန်မွှားသွားမည်ဟု မိုက်ကယ်ဘရောင်းက သုံးသပ်ပြောဆိုခဲ့သည်။

လွန်ခဲ့သည့် ၃ ရက်က ပါ့သ်မြို့တွင်နေထိုင်သူများသည် ကောင်းကင်၌ တစ်စက္ကန့် ၂၁ မိုင်နှုန်းနှင့်ပျံသန်းနေသော ဥက္ကာပျံတစ်ခုကိုတွေ့ရှိခဲ့ရပြီး အနောက်တောင်ပိုင်းမြို့ ကောင်းကင်တွင် သမုဒ္ဒရာရေပြင် အထက် ၄၂ မိုင်အကွာ၌ လောင်ကျွမ်းပျောက်ကွယ်သွားသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဩစတြေးလျ
#ဥက္ကာပျံ
#ဗစ်တိုးရီးယားအရပ်
#မဲလ်ဘုန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now