မဲခေါင်၊ ဩဂုတ် ၁၀
အာရှ ၅ နိုင်ငံမှ လူပေါင်း ထောင်ချီ၏ ခရက်ဒစ်ကဒ်များ၊ အီလက်ထရွန်းနစ် ငွေကြေးအသုံးပြုမှုကဒ်ပါ အချက်အလက်များအား Hack လုပ်ခိုးယူသော တရုတ်နိုင်ငံသားကို ဘန်ကောက်၊ ခလောင်ဆန်ဝါ ခရိုင်၊ ဘန်ချန်းခရိုင်ခွဲရှိ နေအိမ်တစ်လုံးတွင် ထိုင်းလူဝန်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှ စီးနင်းဖမ်းဆီးခဲ့သည်။
ဩဂုတ် ၈ ရက်နေ့တွင် ၃၅ နှစ်အရွယ် မစ္စတာယုပန်ဆိုသော တရုတ်နိုင်ငံသားကို တရုတ်၊ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ လူပေါင်းထောင်ချီ၏ ခရက်ဒစ်ကဒ် အချက်အလက်များကို ဟက်ကာလုပ် ခိုးယူခဲ့ကြောင်း ငွေသား၊ ရွှေ၊ ဖုန်းများ၊ ခရစ်ပတိုငွေကြေး စုစုပေါင်းဘတ် ၁၀ သန်းဖိုး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
မစ္စတာယုပန်သည် လူပေါင်း ၅၀၀၀ ကျော်ထံ၊ ဖုန်းအလုံးပေါင်း ၇၀ ကျော်ထံမှ အချက်အလက်များကို ဖောက်ထွင်းခိုးယူခဲ့ကာ ၎င်းထံမှ ၂၀ ဘတ်အလေးချိန်ရှိ ရွှေချောင်းများ၊ ငွေသား ဘတ် ၄၀၀၀၀၀၊ ခရစ်ပတို ငွေကြေး၊ ကားတစ်စီး စုစုပေါင်း ဘတ် ၁၀ သန်းဖိုးကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ယုပန်သည် ဖောက်ထွင်းခိုးယူရရှိသော ငွေများကို တယ်လီဂရမ် လူမှုကွန်ရက်ပလက်ဖောင်းပေါ်တွင် ဖုန်းများဝယ်ယူခြင်း၊ ရွှေချောင်းများဝယ်ယူခြင်းအတွက် ဆက်သွယ်လုပ်ဆောင်ပြီး ပသမ်၀န် ဧရိယာ အနီး ကုန်တိုက်ကြီးများတွင် ပြန်လည်ရောင်းချမှုများလုပ်ကာ ငွေကြေး အထုတ်အသွင်းကွင်းဆက်ကို ပြတ်တောက်ရန် လုပ်ဆောင်ကြောင်း၊ ထို့နောက်မှ ရရှိသည့်ငွေကြေးကို ဒစ်ဂျစ်တယ်ငွေကြေး ပလက်ဖောင်းများ အသုံးပြုလဲလှယ်ကြောင်း ၁၀ လကြာမျှ ယခုလိုလုပ်ခြင်းဖြင့် ဘတ်သန်းပေါင်းများစွာကို အဓမ္မ ရယူနိုင်ခဲ့သည်ဟု ထိုင်းလူဝန်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ရှင်းလင်းထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#တရုတ်နိုင်ငံသား
#ခရက်ဒစ်ကတ်
#ဘန်ကောက်
#ခရစ်ပတို








