နေ့စဥ်သတင်း

တိုက်လေယာဉ်အသစ် ၄ စီးဝယ်ယူရေး ဘတ် ၁၉ ဒသမ ၅ ဘီလီယံသုံးစွဲရန် ထိုင်းအစိုးရ အတည်ပြု

မဲခေါင် 7 Aug - 2025
မဲခေါင်၊ ဩဂုတ် ၇ ဩဂုတ် ၅ ရက်နေ့က လက်ရှိထိုင်းယာယီဝန်ကြီးချုပ် ဖမ်သမ် ဝီချာယာချိုင်ပါဝင်သော ထိုင်းအစိုးရ အဖွဲ့ အစည်းအဝေးတွင် ထိုင်းတော်ဝင်လေတပ်မှ တင်ပြတောင်းဆိုထားသော ဆွီဒင်ထုတ် Gripen E/F ဖိုက်တာဂျက်လေယာဉ် ၄ စီးအား ပထမအဆင့်အနေဖြင့် ဝယ်ယူပေးရန် ဘတ်ဂျက် ဘတ် ၁၉ ဒသမ ၅ ဘီလီယံသုံးစွဲသွားရေး အတည်ပြုပေးခဲ့ကြောင်း သိရှိရသည်။ ယင်းအစည်းအဝေးတွင် အရေးပါသော စစ်ရေးအသုံးအဆောင်များဝယ်ယူရေးအတွက် ပြန်လည် သုံးသပ်မှုနှင့် အတည်ပြုမှုများလုပ်ဆောင်ခဲ့ကာ ၂၀၂၅ ခုနှစ်မှ ၂၀၃၀ ပြည်နှစ်အတွင်း Gripen E/F ဖိုက်တာဂျက်လေယာဉ် ၄ စီးအား ဝယ်ယူရန် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ လက်ရှိ ထိုင်းတော် ဝင်လေတပ်တွင်

မဲခေါင်၊ ဩဂုတ် ၇

ဩဂုတ် ၅ ရက်နေ့က လက်ရှိထိုင်းယာယီဝန်ကြီးချုပ် ဖမ်သမ် ဝီချာယာချိုင်ပါဝင်သော ထိုင်းအစိုးရ အဖွဲ့ အစည်းအဝေးတွင် ထိုင်းတော်ဝင်လေတပ်မှ တင်ပြတောင်းဆိုထားသော ဆွီဒင်ထုတ် Gripen E/F ဖိုက်တာဂျက်လေယာဉ် ၄ စီးအား ပထမအဆင့်အနေဖြင့် ဝယ်ယူပေးရန် ဘတ်ဂျက် ဘတ် ၁၉ ဒသမ ၅ ဘီလီယံသုံးစွဲသွားရေး အတည်ပြုပေးခဲ့ကြောင်း သိရှိရသည်။

ယင်းအစည်းအဝေးတွင် အရေးပါသော စစ်ရေးအသုံးအဆောင်များဝယ်ယူရေးအတွက် ပြန်လည် သုံးသပ်မှုနှင့် အတည်ပြုမှုများလုပ်ဆောင်ခဲ့ကာ ၂၀၂၅ ခုနှစ်မှ ၂၀၃၀ ပြည်နှစ်အတွင်း Gripen E/F ဖိုက်တာဂျက်လေယာဉ် ၄ စီးအား ဝယ်ယူရန် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။

လက်ရှိ ထိုင်းတော် ဝင်လေတပ်တွင် အသုံးပြုများသည့် F 16 ဖိုက်တာဂျက်လေယာဉ်များသည် တပ်တော်ဝင်အသုံးပြုနေ သည်မှာ ၃၇ နှစ်သက်တမ်းရှိနေပြီဖြစ်သောကြောင့် ၎င်းတို့နေရာ၌ ဆွီဒင် SABB Company ထုတ် Gripen E/F ဖိုက်တာဂျက်လေယာဉ်များ အစားထိုးသုံးရန် စီမံကိန်းတစ်ရပ်လည်း ချမှတ်ထားပြီး ပထမ အဆင့်ဝယ်ယူရာတွင် ပိုင်းလော့ထိုင်ခုံ တစ်လုံးပါ Gripen E ဂျက်လေယာဉ် ၃ စီးနှင့် ထိုင်ခုံ ၂ လုံးပါ Gripen F ဂျက်လေယာဉ် တစ်စီး ဝယ်ယူသွားရန် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။

ယင်းလေယာဉ်များသည် ဝေဟင်မှ ဝေဟင်ပစ် ဒုံးစနစ်ပါ ပါဝင်ကာ မြေပြင်ထောက်ပို့စနစ်ကောင်းများ လည်း ထည့်သွင်းတည်ဆောက်ထားသလို အပိုပစ္စည်းလည်း အလွယ်တကူရရှိနိုင်သည်ဟု ဆိုသည်။

ထိုင်းတော်ဝင်လေတပ်သည် နောက် ၁၀ နှစ်အတွင်း ၃ ရစ်ဖြင့် Gripen E/F ဖိုက်တာဂျက်လေယာဉ် ၁၂ စီးကို ဘတ် ၆၀ ဘီလီယံ အသုံးပြုဝယ်ယူမည်ဖြစ်ကာ လက်ရှိ အသုံးပြုနေသော F 16 ဖိုက်တာများကို နောက် ၁၀ နှစ်သာ ဆက်သုံး မည်ဟုလည်း ဆိုသည်။

ထိုအစည်းအဝေးတွင် ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ထိုင်းတော်ဝင်ရေတပ်အတွက် ဘတ် ၃၅ ဘီလီယံ သုံးစွဲ ရန် ခွင့်ပြုပေးခဲ့ကာ တိုက်သင်္ဘောသစ် ၂ စီး ဝယ်ယူမည်ဖြစ်ကြောင်း၊ တစ်စီးမှာ တန်ကြေးဘတ် ၁၇ . ၅ ဘီလီယံ ရှိပြီး ၂၀၃၇ တွင် ထိုင်းတော်ဝင်ရေတပ်၌လက်ရှိ တိုက်သင်္ဘော ၄စီးရှိရာမှ စုစုပေါင်း ၈ စီးရှိစေရန် စီမံကိန်း ချမှတ်ဖော်ဆောင်မည်ဖြစ်သလို တရုတ်ထုတ် CHD 620 ရေငုပ်သင်္ဘောကိုလည်း ဝယ်ယူကာ ၂၀၃၀ တွင် စတင်ရေချနိုင်ရေး စာချုပ်သွားမည်ဟု အတည်ပြုခဲ့သည်။

ကိုကလင်း
Ref: The Nation Thailand
#MeKongNews
#ထိုင်းနိုင်ငံ
#တိုက်လေယာဉ်
#ဘဏ္ဍာငွေ
#ဆွီဒင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now