မဲခေါင်၊ ဇူလိုင် ၃၀
ဇူလိုင် ၃၀ ရက် မနက်ပိုင်းက ရုရှားနိုင်ငံအရှေ့ဘက်ကမ်းခြေ ပက်ထရိုပက်ဗလော့ဗ်စကီး – ကမ်ချက်စကီးအရှေ့တောင်ပိုင်း ကမ်းလွန်ဒေသတွင် ပြင်းအား ၈ ဒသမ ၇ အထိရှိသော ငလျှင်ကြီး လှုပ်ခတ် ခဲ့သောကြောင့် ဂျပန်နိုင်ငံတွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားရသည်။
ကမ်ချက်စကီးဒေသဆိုင်ရာ အာဏာပိုင်များက လက်တလော အမြင့် ၃၊ ၄ မီတာ (၄ မီတာလျှင် ၁၃ ပေ) ရှိသောဆူနာမီလှိုင်းများ တွေ့ရှိရသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
US Geological Survey မှ တိုင်းတာချက်အရ ပြင်းအား ၈ ဒသမ ၇ ရှိသော ငလျင်ကြောင့် ဆူနာမီသတိပေး ချက်များကို အလက်စကားပြည်နယ်နေရာအချို့၊ ဟာဝိုင်အီ၊ ကယ်လီဖိုးနီးယား-မက္ကဆီကိုနယ်စပ် မှသည် ချစ်ဂ်နစ်ပင်လယ်အော်၊ ဂျပန် ပင်လယ်အော်ဒေသများသို့ သက်ရောက်နိုင်ကြောင်း ထုတ်ပြန် ခဲ့သလို ဖိလစ်ပိုင်၊ ရုရှား၊ ပစိဖိတ်ကျွန်းများနှင့် ယပ်နှင့် မာရှယ်ကျွန်းများကိုပါ သက်ရောက်မှုရှိနိုင်သည် ဟု ယနေ့မနက်ပိုင်း ထုတ်ပြန်သတိပေးခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#အင်အားပြင်းငလျင်
#ဆူနာမီ
#ဂျပန်
#ရုရှား








