နေ့စဥ်သတင်း

စစ်ကောင်စီက နောင်ချို၊ နောင်ပစ်ရွာကို လက်နက်ကြီးနှင့် ပစ်ရှင်းနေ

မဲခေါင် 23 Jul - 2025
မဲခေါင်၊ ဇူလိုင် ၂၃ နောင်ချိုမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဟုဆိုသည့် စစ်ကောင်စီသည် ကျောက်မဲကို ထိုးစစ်ဆင်ရန်အတွက် နယ်မြေရှင်းလင်းသည့်အနေဖြင့် နောင်ချိုမြို့နယ်အတွင်းရှိ နောင်ပစ်ကျေးရွာကို လက်နက်ကြီးနှင့်ပစ်ရှင်း ရှင်းနေ၍ အနီးနားရှိ ကျေးရွာနေသူများ ထွက်ပြေးရကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းက နောင်ပစ်ကျေးရွာနှင့် ပင်တိန်ရွာဘက်ကို လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နောင်ပစ်နှင့်အနီးနားကျေးရွာမှ ဒေသခံ ၂၀၀ ကျော် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း သိရသည်။ “တနေ့ကလည်း လက်နက်ကြီးကျလို့ ၂ ယောက်သေတယ်။ အမေနဲ့ သမီးငယ်၊ အမေက ပွဲချင်းပြီး၊ သမီးငယ်က ၉ နှစ် ခြေထောက်ပြတ်ပြီး သေရတာ” ဟု နောင်ပိန်ရောက်စစ်ရှောင်တစ်ဦးက မဲခေါင်သို့

မဲခေါင်၊ ဇူလိုင် ၂၃

နောင်ချိုမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဟုဆိုသည့် စစ်ကောင်စီသည် ကျောက်မဲကို ထိုးစစ်ဆင်ရန်အတွက် နယ်မြေရှင်းလင်းသည့်အနေဖြင့် နောင်ချိုမြို့နယ်အတွင်းရှိ နောင်ပစ်ကျေးရွာကို လက်နက်ကြီးနှင့်ပစ်ရှင်း ရှင်းနေ၍ အနီးနားရှိ ကျေးရွာနေသူများ ထွက်ပြေးရကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းက နောင်ပစ်ကျေးရွာနှင့် ပင်တိန်ရွာဘက်ကို လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နောင်ပစ်နှင့်အနီးနားကျေးရွာမှ ဒေသခံ ၂၀၀ ကျော် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း သိရသည်။

“တနေ့ကလည်း လက်နက်ကြီးကျလို့ ၂ ယောက်သေတယ်။ အမေနဲ့ သမီးငယ်၊ အမေက ပွဲချင်းပြီး၊ သမီးငယ်က ၉ နှစ် ခြေထောက်ပြတ်ပြီး သေရတာ” ဟု နောင်ပိန်ရောက်စစ်ရှောင်တစ်ဦးက မဲခေါင်သို့ ပြောသည်။

ဇူလိုင် ၂၀ ရက်နေ့ကလည်း နောင်ပစ်ရွာအတွင်း လက်နက်ကြီကျည်ကျသဖြင့် နောင်ချိုမြို့၊ သပြေရေရပ်ကွက်နေ စစ်ဘေးရှောင် သားအမိနှစ်ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားက နောင်ပိန်၊ ပင်တိန်၊ ပင်တီး စသည့်ကျေးရွာများတွင် တိုက်ပွဲကြောင့် နောင်ချိုနှင့် ကျောက်မဲမြို့မှ ထွက်ပြေးလာသည့် ဒုက္ခသည် တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရာကနေ ယခုကဲ့သို့ စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ရှင်း ရှင်းလင်းနေသည့်အတွက် လားရှိုးဘက်သို့ ထပ်မံ တိမ်းရှောင်ရကြောင်း သိရသည်။​

စစ်ကောင်စီ၏ Non CDM ဝန်ထမ်းများ နောင်ချိုသို့ ပြန်ရောက်လာသလို စစ်ကြောင်းများက နောင်ချိုမြို့ အနီးတဝိုက်ကို နယ်မြေရှင်းလင်းမှုများ လုပ်နေကြောင်း၊ ပြင်ဦးလွင်-နောင်ချို ပြည်ထောင်စုလမ်းပိုင်းကို မနက် ၆ နာရီမှ ည ၆ နာရီ အချိန် သတ်မှတ်ပြီး ပြန်ဖွင့်ထားကြောင်း ခရီးသည်တင်ယာဥ်မောင်းများက ပြောသည်။

“ခရီးတော့ တိုသွားပေမယ့် လမ်းဂိတ်တွေက အရင်ကထက်ပိုလာသလို ၁၃/ ကလွဲလို့ သွားလို့မရသေးဘူး” ဟု မန္တလေးနှင့် လားရှိုးဆွဲ ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက ပြောသည်။

စစ်ကောင်စီက TNLA ထိန်းချုပ်ရာ နောက်ထပ်တစ်မြို့ဖြစ်သည့် သီပေါမြို့ကိုလည်း ယနေ့ ဇူလိုင် ၂၃ ရက် နံနက် ၁၂ နာရီ ၅ မိနစ်တွင် ဗုံးကြဲခဲ့ပြီး ခလရ – ၂၃ အတွင်းသာ ကျရောက်ခဲ့သဖြင့် ပြည်သူအထိအခိုက်မရှိကြောင်း ပန်းတိမ်တောင်အရပ်နေသူတစ်ဦးက မဲခေါင်ကို ​ပြောသည်။

“စစ်တပ်က သွေးခွဲ၊ အချိန်ဆွဲ၊ ချေမှုန်းဆိုတဲ့ D သုံးလုံးဗျူဟာ Divided, Delay, and Dominate ကို ကျင့်သုံးနေတာဗျ။ အခု နောင်ချိုရလို့ အားတက်နေတုန်း မြှောက်ပေးပြီး အင်အားပြည့်နဲ့ စစ်ကြောင်းထိုးနိုင်တယ်။ ကျောက်မဲ၊ သီပေါကို လေကြောင်းက အရင်ရှင်းပြီး ခြောက်ထုတ်နေတာ၊ ခလရ၂၃ တပ်နေရာထဲကျလို့ဆိုပြီး ပြည်သူတွေ ပေါ့နေမှ မြို့ထဲချလိမ့်မယ်” ဟု စစ်တပ်အငြိမ်းစားတစ်ဦးက သုံးသပ်ပြောဆိုသည်။

ယမန်နှစ် ဇူလိုင်လ ၁၀ ရက်က TNLA သိမ်းခဲ့သည့် နောင်ချိုမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့မှာ ပြန်လည် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

မဟာ
#MeKongNews
#နောင်ချို
#TNLA
#နောင်ပစ်ရွာ
#လက်နက်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now