မဲခေါင်၊ ဇူလိုင် ၁၇
ဇူလိုင် ၁၆ ရက်နေ့က ကမ္ဘောဒီးယားနှင့် ပိုင်နက်အငြင်းပွားပွားနယ်စပ်ဖြစ်သော ယူဘွန်းရက်ချာဌာနီ ဒေသ ချွန်ဘွတ်ခ်အရပ်၌ ကင်းလှည့်နေစဉ် မြေမြှုပ်မိုင်းတစ်လုံးအား နင်းမိသဖြင့် ထိုင်းတပ်မဟာ ၂ မှ စစ်သည် ၃ ဦး ဒဏ်ရာရပြီး တစ်ဦးမှာ ခြေထောက်ပြတ်သွားခဲ့သည်။
တပ်ခွဲ ၆၀၂၁ မှ စစ်သားများသည် ကင်းလှည့်နေစဉ် ယခုလို မိုင်းနင်းမိခြင်းကြောင့် ဆာရာဖာဆစ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး တပ်မဟာ ၂ တပ်မှူး ဗိုလ်မှူးချုပ် ဘွန်စင်က အဆိုပါ မိုင်းသည် ရှေးယခင် ကတည်းက မြှုပ်ထားသော မိုင်းလား၊ မကြာသေးမီကမှ မြှုပ်ထားသော မိုင်းလား၊ မည်သူက မည်သို့ လာမြှုပ်ထားသည်ကို သိရှိစေရန် စစ်ဆေးထားပြီး ၃ ရက်ကြာလျှင် အဖြေထွက်လာမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါ အခင်းဖြစ်ရာနေရာအား အန္တရာယ်ရှိသော နေရာအဖြစ် သတ်မှတ်ကာ သတိထား ရှောင်ရှားရန် မှာကြားထားပြီး ပြည်သူ့လုံခြုံရေးအတွက် အထူး အားစိုက်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ကိုကလင်း
Ref:The Nation Thailand
#MeKongNews
#ထိုင်းစစ်သား
#ကမ္ဘောဒီးယား
#မိုင်းနင်း
#ဒဏ်ရာရ








