မဲခေါင်၊ ဇူလိုင် ၁၅
UWSA၊ ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၅၀ ဦး ကို တရုတ်ပြည်သို့လွှဲပြောင်းခဲ့ကြောင်း “ဝ” ပြည်နယ် တရားစီရင်ရေးကော်မတီက ထုတ်ပြန်သည်။
ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၅၀ ဦးကို ဇူလိုင် ၁၂ ရက်နေ့တွင် တရုတ်နယ်စပ်၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့၊ ချန်ယန် ကောင်တီရှိ Yonghe ဆိပ်ကမ်းမှတဆင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ကျားဖြန့်များနှင့်အတူ လုပ်ငန်းသုံးစက်ပစ္စည်း ကိရိယာတွေကိုလည်း တပါတည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပါရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကလည်း တန့်ယန်းမြို့တွင် ဖမ်းဆီးရမိသည့် ကျားဖြန်လုပ်ကိုင်သူတရုတ်နိုင်ငံသား ၆၆ ဦးကို ယခု Yonghe နယ်စပ်ဂိတ်မှပင် တရုတ်ပြည်သို့ လွှဲပြောင်းပေးခဲ့သေးသည်။
ဓာတ်ပုံ – WSP
#MeKongNews
#ကျားဖြန့်
#တရုတ်နိုင်ငံသား
#ယူနန်ပြည်နယ်
#UWSA
#တန့်ယန်း








