ကမ္ဘာ့သတင်း

တိဗက်အရေး အမေရိကန် လက်ညှိုးဝင်ထိုးစရာအကြောင်းမရှိဟု တရုတ်ထုတ်ပြန်

မဲခေါင် 9 Jul - 2025
မဲခေါင်၊ ဇူလိုင် ၉ တရုတ်သိမ်းပိုက်ခံ တိဗက်မှ ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား အသက် ၉၀ ပြည့်မွေးနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ထောက်ခံအားပေးသည့် သဝဏ်လွှာပို့မှုကြောင့် တရုတ်ဘက်မှ တိဗက်အရေး အမေရိကန်အနေဖြင့် လက်ညှိုးထိုးစရာမည်သည့် အကြောင်းမှ မရှိဟု တုံ့ပြန် သတိပေးသွားခဲ့သည်။ ဇူလိုင် ၆ ရက် တနင်္ဂနွေနေ့တွင် တိဗက်မှ အိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင်နေရသော ဒလိုင်းလားမား အသက် ၉၀ ပြည့် မွေးနေ့ပွဲကျင်းပရာတွင် ၎င်းနေရာ ဝင်စားမည့် ဒလိုင်းလားမားသစ်မှာ တရုတ်အစိုးရ အသိအမှတ်ပြုမှ ဖြစ်လာမည့် ဘာသာရေးခေါင်းဆောင်သစ်မဟုတ်ကြောင်း၊ မိမိတို့သာ ဒလိုင်းလားမားသစ်ကို ရွေးချယ်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုမွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက သဝဏ်လွှာပေးပို့ရာတွင် ဒလိုင်းလားမားသည်

မဲခေါင်၊ ဇူလိုင် ၉

တရုတ်သိမ်းပိုက်ခံ တိဗက်မှ ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား အသက် ၉၀ ပြည့်မွေးနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ထောက်ခံအားပေးသည့် သဝဏ်လွှာပို့မှုကြောင့် တရုတ်ဘက်မှ တိဗက်အရေး အမေရိကန်အနေဖြင့် လက်ညှိုးထိုးစရာမည်သည့် အကြောင်းမှ မရှိဟု တုံ့ပြန် သတိပေးသွားခဲ့သည်။

ဇူလိုင် ၆ ရက် တနင်္ဂနွေနေ့တွင် တိဗက်မှ အိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင်နေရသော ဒလိုင်းလားမား အသက် ၉၀ ပြည့် မွေးနေ့ပွဲကျင်းပရာတွင် ၎င်းနေရာ ဝင်စားမည့် ဒလိုင်းလားမားသစ်မှာ တရုတ်အစိုးရ အသိအမှတ်ပြုမှ ဖြစ်လာမည့် ဘာသာရေးခေါင်းဆောင်သစ်မဟုတ်ကြောင်း၊ မိမိတို့သာ ဒလိုင်းလားမားသစ်ကို ရွေးချယ်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုမွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက သဝဏ်လွှာပေးပို့ရာတွင် ဒလိုင်းလားမားသည် တိဗက်ပြည်သူများကို ကိုယ်စားပြုသော စည်းလုံးမှု၊ ငြိမ်းချမ်းမှု၊ ကရုဏာ၏ ပြယုဂ်ဖြစ်ကြောင်း၊ ဘာသာရေးခေါင်းဆောင်ကို အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာရွေးချယ်ပြီး ကြည်ညိုလေးစားနိုင်မှု အပါအဝင် တိဗက်လူမျိုးများ၏ ထူးခြားသော ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအမွေအနှစ်များအား ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ရေးသားပေးပို့ ခဲ့သည်။

ဇူလိုင် ၈ ရက်တွင် ပုံမှန်လုပ်နေကြသတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်းက ဒလိုင်းလားမားသည် နိုင်ငံရေးအရ တရုတ်ဆန့်ကျင်ရေး၊ ခွဲထွက်ရေးလှုပ်ရှားသူ ပြည်ပြေးသာဖြစ်ကြောင်း၊ ဒလိုင်းလူနည်းစုအတွက်သာ အကျုံးဝင်သူသည် တိဗက်အနာဂတ်၊ တိဗက်ပြည်သူများအတွက် ကိုယ်စားပြုသူမဟုတ်ကြောင်း၊ ထိရှလွယ်သည့် အနေအားကို အမေရိကန်အနေဖြင့် အသိအမှတ်ပြုရမည်ဖြစ်ကာ တိဗက်အရေး မည်သည့် လက်ညှိုးညွှန်မှုမှ လုပ်ခွင့်မရှိဟု ထုတ်ပြန်သွားခဲ့သည်။

ကိုကလင်း
Ref: asiaone
#MeKongNews
#တရုတ်
#အမေရိကန်
#တိဗက်
#ဒလိုင်းလားမား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now