မဲခေါင်၊ ဇူလိုင် ၄
ဇူလိုင် ၅ ရက်တွင် ထိုင်းနိုင်ငံ ချမ်ဖွန်းနှင့် နာရာသီဝပ်ခရိုင်များသို့ ဆူနာမီလှိုင်းများ ရိုက်ခတ်မည်ဟု လူမှုကွန်ရက်များပေါ်တွင် လွန်စွာပျံ့နှံ့နေသောသတင်းများမှာ သတင်းတု၊ သတင်းမှားများသာဖြစ် ကြောင်း ထိုင်း မိုးဇလက ဇူလိုင် ၄ ရက်၌ ထုတ်ပြန်သွားခဲ့သည်။
မည်သို့မျှ ချင့်တွက်ထားခြင်း၊ လေ့လာထားခြင်းမရှိသာ ရင်းမြစ်များဖြင့် ယခုလို ပြည်သူများ ထိတ် လန့်မှုဖြစ်စေသည့် သတင်းမှာ အမှားသာဖြစ်ကာ လက်ရှိအထိ ကမ္ဘာတွင် မည်သည့်အချိန်၊ မည်သည့် ရက်၌ ငလျင်နှင့်ဆူနာမီ ဖြစ်ပွားမည်ကို သိရှိနိုင်သည့် နည်းပညာမရှိသေးကြောင်း၊ ထို့ကြောင့် အစိုးရ မိုးဇလဌာနမှသာ ထုတ်ပြန်သည့်သတင်းကိုသာ ယုံကြည်ကြရန်၊ လူမှုကွန်ရက်များနှင့် မီဒီယားများ ကလည်း ထိုသတင်းမှာ မဟုတ်မမှန်သတင်းသာဖြစ်သည်ကို လူတိုင်းသိရှိစေရန် ပြန်လည်ဖြန့်ပေး သွားသင့်ကြောင်း ထိုင်း မိုးဇလက တောင်းဆိုထုတ်ပြန်သွားခဲ့သည်။
သို့သော် လက်ရှိအချိန်သည် မုတ်သုန်အားကောင်းနေသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း တွင် အဓိက မိုးသည်းထန်မည်ဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း မိုးကြီးပြီး မြေပြို၊ ရေကြီး ခြင်းများဖြစ်ပေါ်နိုင်ကြောင်း၊ အန်ဒမန်ပင်လယ်၊ ထိုင်း၊ ထိုင်းပင်လယ်ကွေ့များ၌ တစ်ပြိုင်တည်း မုတ်သုန်အားကောင်းမှုများကြောင်း မိုးသည်းမုန်တိုင်းများကျကာ အန်ဒမန်ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၂ မီတာ၊ ထိုင်းပင်လယ်ကွေ့တွင် အမြင့် ၁ မီတာမှ ၂ မီတာကြား လှိုင်းကြီးမည်ဟု ထိုင်း မိုးဇလက ထုတ်ပြန်အသိပေးခဲ့သည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ဆူနာမီ
#မုတ်သုံလေ
#မိုးဇလ
#ရေကြီး








