မဲခေါင်၊ ဇူလိုင် ၄
ပြီးခဲ့သည့် ၂ ပတ်အတွင်း ငလျင်အကြိမ်ပေါင်း ၁၀၀၀ ကျော် လှုပ်ခတ်ခဲ့သော ပြတ်ရွေ့ကြောပေါ် တည်ရှိနေသည့် ကျွန်းပေါ်ရွာငယ်လေးမှ နေထိုင်သူများအား ဂျပန်အာဏာပိုင်များက နေရာရွှေ့ပြောင်း ပေးခဲ့ရသည်။
ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့က ကာဂိုရှီးမားရှိ အာကူစီကီကျွန်းတွင် ပြင်းအား ၅ ဒသမ ၅ ရှိ အင်အား အသင့်အတင့်ရှိသော ငလျင်ပါထပ်လှုပ်ကာ ငလျင်ဗဟိုချက်သည် မြေအောက် ၂၀ ကီလိုမီတာအနက်မှ ဖြစ်သောကြောင့် ယင်းလှုပ်ခတ်ခြင်းမှာ ဆူနာမီ အရေးပေါ်သတိပေးချက် ထုတ်ပြန်စရာမလိုသော်လည်း ကျွန်းပေါ်နေထိုင်သူများ ဘေးကင်းရေး အားလုံးကို ရွှေ့ပြောင်းနေထိုင်စေခဲ့ကြောင်း ဂျပန်အာဏာပိုင် များက ထုတ်ပြန်သည်။
တိုရှီမာရွာတွင် လူဦးရေ ၈၉ ယောက်သာ နေထိုင်ရာ ဂျပန်တောင်ပိုင်းကမ်းရိုးတမ်းရှိ ကာဂိုရှီးမားဆိပ် ကမ်းသို့ သင်္ဘောဖြင့် ခေါ်ဆောင် ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။ တိုရှီမာရွာသည် အဆိုပါဒေသအနီး လူနေထိုင်သောကျွန်း ၇ ခုထဲမှ တစ်ကျွန်းအပါအဝင်ဖြစ်ကာ ၇ ကျွန်းစလုံးတွင် လူပေါင်း ၆၆၈ ဦး နေထိုင်သည်ဟု သိရှိရပြီး ကျန်ကျွန်းများမှ လူများကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးခဲ့သည်။
အာကူစီကီကျွန်းသည် တိုကာရာကျွန်းစုတွင်ပါဝင်ကာ ကျူရှူးကျွန်းဒေသ တောင်ပိုင်းကျွန်းများထဲမှ တစ်ခုဖြစ်သည်။ ထိုငလျင်ပြတ်ရွေ့ကြောသည် ဇွန် ၂၁ ရက်မှ စတင်ပြီး အနည်းဆုံး ပြင်းအား တစ် နှင့် အထက်ရှိသည့် ငလျင်ပေါင်း ၁၀၃၁ ကြိမ် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအထိတ်တလန်ဖြစ်မှုသည် အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်သူဟု နာမည်ကြီးလာသည့် ဂျပန် စာရေးဆရာမ ရိုင်ယိုတက်ဆုကီ ဟောကိန်းကြောင့်လည်းဖြစ်ပြီး ၎င်းက ၂၀၂၅ ဇူလိုင် ၅ ရက်တွင် ကြောက်စရာ အကောင်းဆုံးသော ငလျင်ကြီးကြောင့် ဂျပန်နှင့်ဖိလစ်ပိုင်ကြား သမုဒ္ဒရာကြမ်းပြင်တွင် အက်ကြောင်းကြီးဖြစ်တည်ကာ ထိုမှ ကြီးမားသော ဆူနာမီလှိုင်းကြီးများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့ ပြီး စပိဖိတ်အနားကွပ်နိုင်ငံများ ကြီးစွာပျက်စီးလိမ့်မည်ဟု ဟောကိန်ထုတ်ခဲ့သည်။
သို့သော် ၂၀၁၁ တွင် ထိုဟောကိန်းထုတ်သည့် စာကိုရေးခဲ့ရာတွင် လချီနှစ်ချီကြာသော ကြီးမားသည့် ငလျင်ကြီးများ၊ ဆူနာမီ လှိုင်းများနှင့် နျူကလီးယားကပ်ဘေးကြောင့် ဂျပန်အရှေ့မြောက်ပိုင်း ကမ်းခြေဒေသမှ လူထောင်ချီ သေဆုံးမည်ဟု ဖော်ပြခဲ့သော်လည်း တချို့က ၂၀၂၅ ဇူလိုင် ၅ ရက်တွင် ယင်းကပ်ဆိုးကြီးကျရောက် ချိန်ရောက်ပြီဟု ဘာသာပြန်အယူအဆ လွဲမှားပြောဆိုနေမှုမှ ယခုလို အုတ်အော်သောင်းနင်းဖြစ်ကြပြီး စာရေးသူ တက်ဆုကီ ကမူ မိမိသည် အနာဂတ်ဟောကိန်းထုတ်သူမဟုတ်ဟုသာ ငြင်းချက်ထုတ်ပြန်ထားသည်။
ကိုကလင်း
Ref: independent
#MeKongNews
#ဂျပန်
#ဆူနာမီ
#ငလျင်ကြီး
#ကျွန်းသားများ
#အရေးပေါ်ရွှေ့ပြောင်း








