နေ့စဥ်သတင်း

ဘန်ကောက် နာမည်ကြီးကုန်တိုက်တွင် ဘတ် ၃ ဒသမ ၄ သန်း ဓားပြတိုက်သွားသူ ၇ ဦးထဲမှ ၂ ဦး ဖမ်းမိ

မဲခေါင် 2 Jul - 2025
မဲခေါင်၊ ဇူလိုင် ၂ ဇူလိုင် ၁ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီဝန်းကျင်တွင် ဘန်ကောက် နာမည်ကြီးကုန်တိုက်ပေါ်၌ပင် ဘတ် ၃ ဒသမ ၄ သန်း ဓားပြတိုက်သွားသော ဒုစရိုက်သမား ၇ ယောက်ထဲမှ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ပသုမ်ဌာနီခရိုင်၊ လတ်လမ်ကေးရို ခရိုင်ရှိ တည်းခိုရိပ်သာတစ်ခုတွင် ငွေသား ဘတ် ၁ ဒသမ ၉ သန်း၊ ဓားပြတိုက်စဉ်ဝတ်ဆင်ခဲ့သည့် အဝတ်အစားများ၊ အခြားသော ရာဇဝတ်မှုများမှ ရယူထားသည့် ပစ္စည်းများ၊ ဘဏ်အကောင့်များ၊ ATM ကတ်များ၊ ခိုးရာပါ ပစ္စည်းများကိုလည်း ချီရာဖတ်နှင့် နာနာဆိုသူ တရားခံ

မဲခေါင်၊ ဇူလိုင် ၂

ဇူလိုင် ၁ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီဝန်းကျင်တွင် ဘန်ကောက် နာမည်ကြီးကုန်တိုက်ပေါ်၌ပင် ဘတ် ၃ ဒသမ ၄ သန်း ဓားပြတိုက်သွားသော ဒုစရိုက်သမား ၇ ယောက်ထဲမှ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ပသုမ်ဌာနီခရိုင်၊ လတ်လမ်ကေးရို ခရိုင်ရှိ တည်းခိုရိပ်သာတစ်ခုတွင် ငွေသား ဘတ် ၁ ဒသမ ၉ သန်း၊ ဓားပြတိုက်စဉ်ဝတ်ဆင်ခဲ့သည့် အဝတ်အစားများ၊ အခြားသော ရာဇဝတ်မှုများမှ ရယူထားသည့် ပစ္စည်းများ၊ ဘဏ်အကောင့်များ၊ ATM ကတ်များ၊ ခိုးရာပါ ပစ္စည်းများကိုလည်း ချီရာဖတ်နှင့် နာနာဆိုသူ တရားခံ နှစ်ယောက်ထံမှ သိမ်းဆည်းရမိခဲ့သည်။

ဓားပြတိုက်ပုံမှာ ခရစ်ပတိုငွေကြေး ဘတ် ၃ ဒသမ ၄ သန်း ယူဆောင်လာပြီး ငွေလဲလှယ်လျှင် ဘတ် ၆၀၀၀၀ အမြတ်ရမည်ဟု မက်လုံးပေးကာ ကုန်တိုက်သို့ ခေါ်ယူတွေ့ဆုံရာမှာ သေနတ်နှင့် ဓားများပြပြီး ပါလာသည့် ငွေအားလုံးကို ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓားပြတိုက်ခံရသူများမှာလည်း ယခင်နှစ်ကြိမ် လိမ်လည်ခံရမှုတွင် ဘတ် ၅၀၀၀၀၀ ပါသွားသော်လည်း အမြတ်လိုချင်သောကြောင့် ငွေသား ဘတ် ၃ ဒသမ ၄ သန်းယူဆောင်လာကာ ငွေနှင့် ခရစ်ပတို ငွေကြေးလဲရန် လုပ်ရာမှာ ဓားပြတိုက်ခံရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ တစ်ဦးမှာ ထိုအမှုတွင် လိမ်လည်ခံရသူများအား ဟွန်ဒါဆီဗစ်ကားဖြင့် ခေါ်ဆောင်လာသူဖြစ်ကာ ၎င်းရရှိမည့်ခွဲတမ်း ဘတ် ၁ ဒသမ ၅ သန်းကို ယူဆောင်ကာ လွတ်ရာရှောင်ပုန်းခဲ့သလို တခြား အဖွဲ့ ဝင် ၅ ယောက်ကိုလည်း ရှောင်တိမ်းရန် စီစဉ်ပေးခဲ့သူဟု သိရကာ အဖွဲ့ကို ခေါင်းဆောင်သူမှာ ပွန် ဆိုသော သူသာဖြစ်သည်ဟု ထွက်ဆိုကြောင်း၊ ရဲတပ်ဖွဲ့က အဆိုပါ လွတ်နေသေးသော တရားခံ ၅ ဦးနှင့် ဓားပြတိုက်သွားသည့် ငွေများကို ပြန်လည်ရရှိရန် အပူတပြင်း လိုက်လံရှာဖွေနေသည်ဟု ဆိုသည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#ဘန်ကောက်
#ဓားပြတိုက်
#ခရစ်ပတို
#ဖမ်းမိ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now