မဲခေါင်၊ ဇူလိုင် ၁
ကမ္ဘောဒီယားခေါင်းဆောင်းဟောင်း ဟွမ်ဆန်နှင့် ဖုန်းပြောဆိုသည့် အသံဖိုင်ပေါက်ကြားပြီးနောက်ပိုင်း ထိုင်းဝန်ကြီးချုပ် ပေထောင်တန် ရှင်နာဝပ်ထရာကို ရာထူးမှ ဆိုင်းငံ့လိုက်ကြောင်း ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ယနေ့ နေလည်ပိုင်းတွင် အမိန့်ထုတ်ပြန်လိုက်သည်။
ပေထောင်တန်အနေဖြင့် ဥပဒေချိုးဖောက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ပြီးချိန်အထိ ဝန်ကြီးချုပ်အလုပ်တာဝန်များကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ဝန်ကြီးချုပ်နေရာကို လက်ရှိ ဒုဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီးတာဝန်ယူထားသူ ဖွေထိုင်းပါတီမှ ရွေးကောက်ခံကိုယ်စားလှယ် ဆူရီယက ယာယီတာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
#MeKongNews
#ထိုင်းဝန်ကြီးချုပ်
#ပေထောင်တန်
#ဟွန်ဆန်








