မဲခေါင်၊ ဇွန် ၃၀
ဇွန် ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီဝန်းကျင်တွင် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ ခိုရန်းဗျူးပွိုင့်အနီးရှိ ဝပ်ခိုရန်းဘုရားကျောင်းတွင် အစ်ကိုတော်သူ ဘုန်းကြီးကို ညီဖြစ်သူ ဘုန်းကြီးက သေနတ်ဖြင့် ၄ ချက် ပစ်ကာသတ်ခဲ့သည်။
ဖူးခက်တွင် ကြီးမားသည့် ထိုင်တော်မူ ရုပ်ပွားတော်ကြီးရှိသည့် ယင်းဘုရားကျောင်းအတွင်း ၃၆ နှစ် အရွယ် ဖရာနီဝပ်ဆိုသည့် ဘုန်းကြီးက ၄၇ နှစ်အရွယ် အစ်ကိုတော်သူ ဖရာဂျာရုခ်ဆိုသည့် ကိုယ်တော်ကို သေနတ်ဖြင့် လည်ပင်း၊ လက်မောင်း၊ ဗိုက်နေရာများသို့ ၄ ချက် ပစ်ခတ်ကာ သေဆုံးစေခဲ့ပြီးနောက် ဘုရားကျောင်းအတွင်းရှိ နေထိုင်ရာအခန်းသို့ပြန်ကာ တံခါးပိတ်ပြီး ပုန်းအောင်နေခဲ့သည်။
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးစဉ် တံခါးဖွင့်ပေးပြီးနောက် ပွိုင့် ၃၈ ကျည်ကတ်များပင် အခန်းအတွင်း တွေ့ရှိရကြောင်း၊ ရေချိုးခန်းသုံးစဉ် တံခါးမပိတ်သလို ဖုန်းဖြင့် သီချင်းသံကျယ်လောင်စွာ ဖွင့်နေသည်ကို ဒေါသထွက်ခြင်းကြောင့် အခန်းသို့ သေနတ်ပြန်ယူပြီး ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း၊ ယခင်ကတည်းက အစ်ကိုတော်သူ ဘုန်းကြီးသည် ၎င်းအား အမြဲတစေ အနိုင်ကျင့် အရှက်ခွဲလေ့ရှိ သဖြင့် စိတ်မထိန်းနိုင်ချိန် ယခုလို ဖြစ်သွားရသည်ဟု ဖရာနီဝပ်က ထွက်ဆိုခဲ့သည်။
ကိုကလင်း
Ref:thesun
#MeKongNews
#ထိုင်းနိုင်ငံ
#ဖူးခက်
#ဘုန်းတော်ကြီး
#ပစ်သတ်








