ကမ္ဘာ့သတင်း

အီရန်၏ မြေအောက် Fordow နျူကလီးယားစက်ရုံ အမေရိကန်၏ ဘန်ကာဖျက်ဗုံး တိုးမပေါက်နိုင်သည့် နေရာသစ်သို့ရွှေ့

မဲခေါင် 27 Jun - 2025
မဲခေါင်၊ ဇွန် ၂၇ အမေရိကန်မှ အီရန် ပင်မနျူကလီးယား အဆောက်အအုံ ၃ ခုကို ၁၄ တန် ဘန်ကာဖျက်‌ဗုံး ( GBU-57 Massive Ordnance Penetrators) ဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ရာတွင် ဒေါ်နယ်ထရမ့်မှ အလုံးစုံ ဖျက်ဆီးနိုင်ခဲ့သည်ဟု ကြေညာခဲ့သော်လည်း ထို နျူကလီးယားဆိုက် ၃ ခုထဲမှ အရေးအပါဆုံး Fordow နျူကလီးယားအဆောက်အအုံသည် အမှန်တကယ် ထိခိုက်ပျက်စီးမှုမရှိဘဲ နေရာပြောင်းသွားနိုင်ခဲ့သည် ဟု CBS သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုတိုက်ခိုက်မှုအပြီး အမေရိကန်စစ်ဘက်ဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံက တိုက်ခိုက်မှု၏ သက်ရောက်ပုံများအား ဒေါ်နယ်ထရမ့် ချင့်တွက်ရာ Fordow နျူကလီးယားဆိုက်သည် လအနည်းငယ်အကြာတွင် ပုံမှန်အဆင့်ပြန်လည်ပတ်နိုင်လောက်သည့် အနေအထားသာ ပျက်ဆီးခဲ့သည်ဟု

မဲခေါင်၊ ဇွန် ၂၇

အမေရိကန်မှ အီရန် ပင်မနျူကလီးယား အဆောက်အအုံ ၃ ခုကို ၁၄ တန် ဘန်ကာဖျက်‌ဗုံး ( GBU-57 Massive Ordnance Penetrators) ဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ရာတွင် ဒေါ်နယ်ထရမ့်မှ အလုံးစုံ ဖျက်ဆီးနိုင်ခဲ့သည်ဟု ကြေညာခဲ့သော်လည်း ထို နျူကလီးယားဆိုက် ၃ ခုထဲမှ အရေးအပါဆုံး Fordow နျူကလီးယားအဆောက်အအုံသည် အမှန်တကယ် ထိခိုက်ပျက်စီးမှုမရှိဘဲ နေရာပြောင်းသွားနိုင်ခဲ့သည် ဟု CBS သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုတိုက်ခိုက်မှုအပြီး အမေရိကန်စစ်ဘက်ဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံက တိုက်ခိုက်မှု၏ သက်ရောက်ပုံများအား ဒေါ်နယ်ထရမ့် ချင့်တွက်ရာ Fordow နျူကလီးယားဆိုက်သည် လအနည်းငယ်အကြာတွင် ပုံမှန်အဆင့်ပြန်လည်ပတ်နိုင်လောက်သည့် အနေအထားသာ ပျက်ဆီးခဲ့သည်ဟု ယူဆမှုလည်း ရှိခဲ့သည်။

သို့သော် ထိုယူဆမှုမှာ အတွင်းလူတစ်ဦးကြောင့် ပေါက်ကြားသွားသည့်အတွက် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက သမ္မတကို နာမည်ဖျက်ရန်လုပ်ဆောင်သော အသေးစား ပေါက်ကြားမှုဟုသာ ထုတ်ပြန်သွားခဲ့သည်။

သို့သော် CBS သတင်းဌာနမှ ဖော်ပြမှုတွင် ဂြိုဟ်တုဓာတ်ပုံများအရ Fordow နျူကလီးယားဆိုက်ကို မတိုက်ခိုက်မီ တစ်ရက်အလိုကတည်းက ကုန်ကားကြီးများစွာသည် မြေအောက်လိုဏ်ဂူထဲ ဝင်ထွက် သွားလာနေသည်ကို တွေ့ရှိရသလို အီရန်ဘက်က ပျက်ဆီးမှုသည် အပေါ်ယံသာဖြစ်သည်ဟု ထုတ်ပြန်သည့်အတွက် အရေးပါသော နျူကလီးယားပစ္စည်းများအား ကြိုတင် နေရာရွှေ့ပြောင်းနိုင်ခဲ့ခြင်းဖြစ် သည်ဟု အတွင်းသတင်းပေးထံမှ သိရှိရသည်။

ယင်းရွှေ့ပြောင်းလိုက်သော နေရာသည် Fordow ဆိုက်ဟောင်း၏ တောင်ဘက် မိုင် ၉၀ အကွာရှိ ပေါက်ချွန်း (Pickaxe) တောင် အောက်တည့်တည့်တွင် ဖြစ်ရာ တောင်အမြင့် ပေ ၅၀၀၀ ရှိသည့် တောင်ခြေမှ မြေအောက်သို့ ၃၂၈ ပေ ထပ်တူးကာ တည်ဆောက်ချဲ့တွင်ထားသည့်အတွက် အုပ်မိုးနေ သော တောင်နှင့် မြေအောက်အနက်အနေအထားအရ အမေရိကန်၏ ၁၄ တန် ဘန်ကာဖျက်‌ဗုံး ( GBU-57 Massive Ordnance Penetrators) ဖြင့်ပင် တိုးမပေါက်နိုင်ဟု သိရသည်။

မနှစ်ကတည်းက ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က အဆိုပါ ပေါက်ချွန်းတောင် အောက်တွင် မြောက်များစွာသော နျူကလီးယားပရိုဂရမ်အတွက် အသုံးပြုမည့် အရေးကြီးသည် အရာများစွာထားရှိမှုအား မြင်နေရကြောင်းနှင့် အီရန်အစိုးရကို မေးမြန်းရာတွင် ခင်ဗျားတို့ အလုပ် ဘာမှ မပါဟု ရိုင်းစိုင်းစွာ တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။

အမေရိကန်၏ B-2 ဗုံးကျဲလေယာဉ်မှကြဲချသည့် ဘန်ကာဗျက်ဗုံးသည် မြေအောက် မီတာ ၆၀ အထိ ထိုးခွဲဝင်ရောက်ပြီးမှ ဖောက်ခွဲခြင်းဖြစ်သော်လည်း ပေါက်ချွန်းတောင် အောက်မှနျူကလီးယားဆိုက်သစ်မှာ ထိုဗုံးဖြင့်ပင် ရောက်ရှိဖျက်စီးနိုင်ရန် မဖြစ်နိုင်သေးဟု သုံးသပ်နေကြခြင်းဖြစ်သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#အမေရိကန်
#အီရန်
#နျူကလီးယား
#ကုလသမဂ္ဂ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now