မဲခေါင်၊ ဇွန် ၂၆
ဗြိတိန်ဝန်ကြီးချုပ် ကိုင်ရာစတာမာက နယ်သာလန်တွင် ဇွန် ၂၅ ရက်က ကျင်းပသည့် နေတိုး ညီလာခံ၌ ရုရှား၏ အနောက်ကမ္ဘာကို ခြိမ်းခြောက်နေမှုမှ ကာကွယ်ရန် စီစဉ်ထားသော နေတိုးလေကြောင်းချီ နျူကလီးယားစစ်ဆင်ရေးတွင် အားဖြည့်ပါဝင်ရန် နျူကလီးယားလက်နက်တင်ဆောင် F-35A ဖိုက်တာ ဂျက်လေယာဉ် ၁၂ စီး ဝယ်ယူအားဖြည့်သွားမည်ဟု ကတိပြုပြောဆိုခဲ့သည်။
အမေရိကန် ကုမ္ပဏီ Lockheed Martin မှ အဓိကအားဖြင့် ထုတ်လုပ်သော ပဉ္စမမျိုးဆက် F-35A ဖိုက်တာဂျက်လေယာဉ်များသည် ကွန်ဗန်းရှင်းစံနှုန်းနှင့်ညီသည့် စစ်လက်နက်များ တပ်ဆင်သုံးစွဲသည် ဆိုသော်လည်း လိုအပ်လျှင် အမေရိကန်ထုတ် နျူကလီးယားဗုံးများပါ တပ်ဆင် အသုံးပြုနိုင်သည်။
မည်သည့်အရာမျှ မသေချာနိုင်သော လက်ရှိခေတ်တွင် ငြိမ်းချမ်းရေးဖြင့် အာမခံချက်ရနိုင် သည်မဟုတ်သောကြောင့် UK အစိုးရက F-35A ဖိုက်တာဂျက်လေယာဉ် ၁၂ စီး ဝယ်ယူရေး ငွေသုံးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ လက်ရှိမျိုးဆက်အတွက် အမြင့်ဆုံးသော နျူကလီးယားလက်နက်တပ်ဆင်စွမ်းရှိ သည့် ဖိုက်တာဂျက်လေယာဉ်များကို ပိုင်ဆိုင်စေခြင်းဖြစ်ကြောင်း၊ နေတိုးကို ယုံကြည်မှုအပြည့်ရှိကာ နေတိုးသည် UK ကို ကာကွယ်ပေးနိုင်သည့် ပူးပေါင်းအဖွဲ့လည်းဖြစ်သည်ဟု ယုံကြည်သဖြင့် အဆိုပါ အဖွဲ့ကြီး၏ လေကြောင်းချီ နျူကလီးယား စစ်ဆင်ရေးတွင် ပါဝင်အားဖြည့်ခြင်းအားဖြင့် ဂျက် ၁၂ စီး ဝယ်ယူခြင်းဖြစ်ကြောင်း စတာမာက ပြောသွားခဲ့သည်။
ကိုကလင်း
Ref: aa
#MeKongNews
#ဗြိတိန်
#ဗြိတိန်ဝန်ကြီးချုပ်
#နျူကလီးယား
#နေတိုး








