မဲခေါင်၊ ဇွန် ၂၄
ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်ရန် ခိုးဝင်သည့် မြန်မာနိုင်ငံသား ၄၁ ဦး ဇွန် ၂၃ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ကန်ချနာဘူရီခရိုင်အတွင်း ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၈ ဦးတို့သည် ဘုရားသုံးဆူမှ သောင်ဖာဆန်ခရိုင်ကို ဖြတ်ပြီး အမြန်လမ်း ၃၂၃ မှတစ်ဆင့် ထိုင်းနိုင်ငံထဲသို့ ဘန်ကောက်လိုင်စင်နံပါတ်တပ် Isuzu ပစ်ကပ် Box ကားဖြင့် တင်ဆောင်မောင်းနှင်လာ ခြင်းဖြစ်သည်။
ဝပ်အူလွန်အရပ်နားအရောက် ရဲတပ်ဖွဲ့မှ စစ်ဆေးရန်ပြုစဉ် ယာဉ်မောင်းမှ မောင်းနှင်ထွက်ပြေးရာ သာခါနွန်အရပ်နားအရောက် ကားမှာ ရွှံ့နွံ့ထဲ နစ်ပြီးရပ်သွားသဖြင့် ထပ်ချပ်မကွာလိုက်လာ သော ထိုင်းရဲတပ်ဖွဲ့မှ အားလုံးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းခံရသူ မြန်မာအားလုံးမှာ အထောက်အထားမဲ့များဖြစ်သလို ထိုင်းစကားလည်းမတတ်သူများ ဖြစ်ကြောင်းနှင့် စစ်ဆေးမှုအရ အသက် ၄၀ အရွယ် ကမ်ဖွန်းဆိုသော ထိုင်းယာဉ်မောင်း ဖြစ်သည်ဟု ကန်ချနာဘူရီ မြို့တော်ဝန်က ဆိုသည်။
၈ ဦးသည် ပွဲစားများကို ဘတ် ၁၅၀၀၀ ပေးပြီး ဘန်ကောက်၌ အလုပ်ရမည်ဟုဆိုကာ ခေါ်ယူခဲ့ကြောင်းနှင့် ၃၃ ယောက်ကို မလေးရှားသို့ ပို့ပေးရန် ဘတ် ၅၅၀၀၀ ယူကာ ပွဲစားများက ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#မြန်မာလုပ်သား
#ခိုးဝင်
#ဘန်ကောက်
#ပွဲစား








