ကမ္ဘာ့သတင်း

ဟီရိုရှီးမားတွင်ကြဲသည့်ဗုံးထက် အဆ ၂၀၀ ပိုပြင်းသော နျူကလီးယားလက်နက် တရုတ် ထုတ်ပြ

မဲခေါင် 6 Jun - 2025
မဲခေါင်၊ ဇွန် ၆ ဟီရိုရှီးမားတွင်ကြဲခဲ့သည့် အမေရိကန်၏ နျူကလီးယားဗုံးထက် အဆ ၂၀၀ ပိုမိုပြင်းထန်သော တိုက်ချင်းပစ် နျူကလီးယားဒုံးကျည်ကို တရုတ်အစိုးရပိုင် CCTV မီဒီယာမှ ပထမဆုံးအကြိမ်အဖြစ် ဇွန် ၂ ရက်နေ့တွင် အသေးစိတ် ထုတ်ပြန်ပြသသွားခဲ့သည်။ ယင်းနျူကလီးယားဒုံးကျည်ကို DF-5B ဟုခေါ်တွင်ပြီး ၁၉၈၁ ခုနှစ်က စတင် တပ်တော်ဝင်သော DF-5 တိုက်ချင်းပစ်ဒုံးကျည်အား တစ်လုံးလျှင် အနည်းဆုံး နျူကလီးယားထိပ်ဖူး ၁၀ လုံး တပ်ဆင် ပစ် ခတ်နိုင်စေရန် ၂၀၁၅ ခုနှစ်၌ စတင် အဆင့်မြှင့်တီထွင်ခဲ့ကာ ယခု မည်သည့် ရည်ရွယ်ချက်ကြောင့်မသိရဘဲ အသေးစိတ် ပြင်းအားနှင့် ထုတ်လုပ်ထားပုံကိုပါ တရုတ်အစိုးရက ထုတ်ပြန် အသိပေးသွားခဲ့ခြင်း

မဲခေါင်၊ ဇွန် ၆

ဟီရိုရှီးမားတွင်ကြဲခဲ့သည့် အမေရိကန်၏ နျူကလီးယားဗုံးထက် အဆ ၂၀၀ ပိုမိုပြင်းထန်သော တိုက်ချင်းပစ် နျူကလီးယားဒုံးကျည်ကို တရုတ်အစိုးရပိုင် CCTV မီဒီယာမှ ပထမဆုံးအကြိမ်အဖြစ် ဇွန် ၂ ရက်နေ့တွင် အသေးစိတ် ထုတ်ပြန်ပြသသွားခဲ့သည်။

ယင်းနျူကလီးယားဒုံးကျည်ကို DF-5B ဟုခေါ်တွင်ပြီး ၁၉၈၁ ခုနှစ်က စတင် တပ်တော်ဝင်သော DF-5 တိုက်ချင်းပစ်ဒုံးကျည်အား တစ်လုံးလျှင် အနည်းဆုံး နျူကလီးယားထိပ်ဖူး ၁၀ လုံး တပ်ဆင် ပစ် ခတ်နိုင်စေရန် ၂၀၁၅ ခုနှစ်၌ စတင် အဆင့်မြှင့်တီထွင်ခဲ့ကာ ယခု မည်သည့် ရည်ရွယ်ချက်ကြောင့်မသိရဘဲ အသေးစိတ် ပြင်းအားနှင့် ထုတ်လုပ်ထားပုံကိုပါ တရုတ်အစိုးရက ထုတ်ပြန် အသိပေးသွားခဲ့ခြင်း ဖြစ်သည်။

၁၉၄၅ ခုနှစ်တွင် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့ပေါ်သို့ အမေရိကန်ကြဲချခဲ့သည့် အနုမြူဗုံး အသုံးပြုသည့်ဖျက်အားယမ်း TNT ပါဝင်မှုသည် ၁၅ ကီလိုတန်နှင့် ၂၁ ကီလိုတန်သာရှိသော်လည်း ယခု တရုတ်၏ DF-5B နျူကလီးယားဒုံးကျည်တွင် TNT ၄ မဂ္ဂါတန် အထိ ထည့်သွင်းထားပြီး ဒုံးကျည်တစ်လုံးတည်းတွင် နျူကလီးယားထိပ်ဖူး ၁၀ လုံး တင်ဆောင်နိုင်သဖြင့် ဟီရိုရှီးမားဗုံးထက် အဆ ၂၀၀ ကျော် ဖျက်အားပြင်းထန်မည်ဟု တရုတ်ဂျာနယ်လစ် Li Zexin က လူမှုကွန်ရက် X တွင် ဖော်ပြရေးသားခဲ့သည်။

ပစ်ခတ်နိုင်သော အကွာအဝေးသည် မိုင် ၇၅၀၀ ရှိသောကြောင့် ပေကျင်းမှ လန်ဒန်သို့ရှိသည့် မိုင် ၅၀၀၀ အကွာအဝေးသာမက နယူးယောက်အထိအကွာအဝေး မိုင် ၇၀၀၀ ကို ပစ်ခတ်နိုင်သဖြင့် ဥရောပနှင့် အမေရိက ကြိုက်ရာနေရာသို့ ပစ်ခတ်နိုင်စွမ်းရှိကြောင်း၊ ပေါက်ကွဲအားပြင်းထန်လွန်းသဖြင့် ဖျက်ချရန်လည်း မလွယ်ကူကြောင်း Multiple Independently Targetable Reentry Vehicle စနစ် ဖြင့် အဆင့်မြှင့်တင်ထားခြင်းကြောင့် ဒုံးကျည်တစ်လုံးတည်းတွင် မူလ နျူကလီးယားထိပ်ဖူး ၁၀ လုံး အပြင် နောက်ထပ် နျူကလီးယားထိပ်ဖူးများစွာကို ထပ်မံတပ်ဆင်ကာ မတူညီသော ပစ်မှတ်များသို့ ခွဲပစ်နိုင်စွမ်းလည်း ရှိသည်ဟု ဆိုသည်။

DF-5B ဒုံးကျည်သည် အရှည် ၁၀၇ ပေရှိကာ ပစ်မှတ်တိကျမှု ၁၆၀၀ ပေအတွင်းရှိကြောင်းနှင့် ပစ်လွှတ်စဉ် တင်ဆောင်နနိုင်သည့် ပမာဏသည် ၁၈၃ တန်အထိ ရှိသည်ဟု ဆိုသည်။

တရုတ်အစိုးရကမူ နျူကလီးယားပရိုဂရမ်သည် တစ်ပါးသူအား တိုက်ခိုက်ရန် မရည်ရွယ်ဘဲ နိုင်ငံတော်ကာကွယ်ရန်အတွက်သာ ရည်ရွယ်ပြီး အဆင့်မြှင့်တင် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း မယုတ်မလွန် ထုတ်ပြန်သော်လည်း နောက်ကွယ်တွင် ကမ္ဘာကြီးအား နျူကလီးယားနည်းပညာပိုင်း၌ အသာဆုံးအခြေအနေရှိကြောင်း နမူနာ ထုတ်ပြန်ခြောက်လှန့်ခြင်းသာဖြစ်မည်ဟု သုံးသပ်နေကြသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#တရုတ်
#နျူကလီးယား
#တိုက်ချင်းပစ်ဒုံးကျည်
#နယူးယောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now