နေ့စဥ်သတင်း

ထိုင်းနှင့် နယ်မြေအငြင်းပွားမှု ကမ္ဘောဒီးယား ICJ ထံ တိုင်ကြားရန် ပြင်ဆင်၊ ငြိမ်းချမ်းစွာ ဆွေးနွေးမည်ဆိုသော်လည်း ထိုင်းတပ်အင်အားပြည့် ချထားပြီး အသင့်ရှိနေ

မဲခေါင် 4 Jun - 2025
မဲခေါင်၊ ဇွန် ၄ နှစ်နိုင်ငံနယ်စပ် အငြင်းပွားနယ်မြေပေါ်တွင် မေ ၂၈ ရက်က အပြန်အလှန်ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယား စစ်သည်တစ်ဦး ကျဆုံးခဲ့ရမှုနှင့် ထိုင်းဘက်မှ ပစ်ခတ်မှုများကြောင့် ကမ္ဘောဒီးယား အစိုးရသည် နိုင်ငံတကာတရားရုံး ICJ သို့ ပြဿနာဖြေရှင်းပေးရန် အဆိုတင်သွင်းခြင်း သို့မဟုတ် တခြားသော တတိယအဖွဲ့အစည်းမှတစ်ဆင့် ဖြေရှင်းပေးရန် တောင်းဆိုတော့မည်ဟု သိရသည်။ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံဆုံရာ နယ်စပ်ဒေသ ပိုင်ဆိုင်မှုအတွက် နှစ်ပေါင်းများစွာ အငြင်းပွားခဲ့ရာ မေ ၂၈ ရက်က ဝင်ရောက်ခြင်းမပြုရန် သဘောတူထားသည့်နယ်ထဲ ကမ္ဘောဒီးယားစစ်သားများ ကင်းလှည့်ခြင်းကြောင့် ထိုင်းဘက်မှ ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်နီးပါး ဖြစ်ခဲ့ပြီး

မဲခေါင်၊ ဇွန် ၄

နှစ်နိုင်ငံနယ်စပ် အငြင်းပွားနယ်မြေပေါ်တွင် မေ ၂၈ ရက်က အပြန်အလှန်ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယား စစ်သည်တစ်ဦး ကျဆုံးခဲ့ရမှုနှင့် ထိုင်းဘက်မှ ပစ်ခတ်မှုများကြောင့် ကမ္ဘောဒီးယား အစိုးရသည် နိုင်ငံတကာတရားရုံး ICJ သို့ ပြဿနာဖြေရှင်းပေးရန် အဆိုတင်သွင်းခြင်း သို့မဟုတ် တခြားသော တတိယအဖွဲ့အစည်းမှတစ်ဆင့် ဖြေရှင်းပေးရန် တောင်းဆိုတော့မည်ဟု သိရသည်။

ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံဆုံရာ နယ်စပ်ဒေသ ပိုင်ဆိုင်မှုအတွက် နှစ်ပေါင်းများစွာ အငြင်းပွားခဲ့ရာ မေ ၂၈ ရက်က ဝင်ရောက်ခြင်းမပြုရန် သဘောတူထားသည့်နယ်ထဲ ကမ္ဘောဒီးယားစစ်သားများ ကင်းလှည့်ခြင်းကြောင့် ထိုင်းဘက်မှ ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်နီးပါး ဖြစ်ခဲ့ပြီး ကမ္ဘောဒီးယားစစ်သည်တစ်ဦး ကျဆုံးခဲ့ရသည်။

ထိုင်းနိုင်ငံ ယူဘွန်းရတ်ချာသာနီခရိုင် ချွန်ဘွတ်ခ် နယ်မြေတွင် ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံ နယ်စပ်သို့ စစ်အင်အားများ တိုးမြှင့်ပို့ဆောင်နေရာ ထိုင်းဘက်မှ တင့်ကားများ၊ စစ်သည်အင်အားအများအပြားနှင့် အမြောက်တပ်များကိုပါ အလုံးအရင် ချထားပြီး နယ်စပ်တစ်လျှောက် ကတုတ်ကျင်းများ၊ ဘန်ကာများတည်ဆောက်ကာ အရပ်သားများ အန္တရာယ်ဇုန်ရှိရာ နေရာမှာ ရှောင်ရှားနေထိုင်ကြရန် သတိပေးမှုများလည်း ရှိနေသည်။

ဇွန် ၄ ရက်မနက်တွင် ထိုင်း အစိုးရအဖွဲ့က ထိုသို့ စစ်အင်အားတိုးမြှင့်စေလွှတ်ရခြင်းမှာ နိုင်ငံ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်ရေးနှင့် ပြည်သူများကို ကာကွယ်ရေးက အဓိက ဦးစားပေး သန္နိဌာန်ဖြစ်သည်ဟုဆိုကာ နှစ်နိုင်ငံ ဆက်ဆံရေး ယန္တရားအရ နှစ်နိုင်ငံကြား အငြိမ်းချမ်းဆုံးနည်လမ်းဖြင့် ဆွေးနွေးအဖြေရှာသွားမည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ် နိုင်ငံဒုတိယဝန်ကြီးချုပ်လည်း ဖြစ်သူ ဖမ်သမ် ဝီချာရာချိုင်က ထုတ်ပြန်သွားခဲ့သည်။

ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#အငြင်းပွားနယ်မြေ
#နယ်စပ်ဒေသ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now