မဲခေါင်၊ ဇွန် ၁
ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှ မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်သို့ ဝင်ရောက်ရန် တံတားတွင် တန်းစီနေသည့် သုံးဘီးယာဉ်တစ်စီးကို ထိုင်းအကောက်ခွန်ဂိတ်မှ စစ်ဆေးရာ ကောက်ရိုးထုံးအတွင်း ဝှက်ထားသည့် လက်လုပ်ပစ္စတို သေနတ် ၂၅ လက်ကို ဖမ်းဆီးရမိကြောင်း သိရသည်။
မေလ ၃၁ ရက် ညနေ ၆ နာရီခန့်တွင် စစ်ဆေးတွေ့ရှိခြင်းဖြစ်ပြီး သုံးဘီးယာဉ်နှင့်ပါလာသူ အသက် ၃၄ နှစ်နှင့် အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသား ၂ ဦးကိုလည်း ဖမ်းဆီးမိကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ ထွက်ဆိုချက်အရ ၎င်းတို့မှာ တံတားပိတ်ချိန်နီးသည့်အတွက် တံတားသို့အမြန်မောင်းလာချိန် လမ်းတွင် လူတစ်ဦးကတားဆီးကာ ကောက်ရိုးထုံးကို တာချီလိတ်ဘက်သို့ ဘတ် ၄၀၀ ဖြင့် ပို့ဆောင်ခိုင်းကြောင်း၊ ၎င်းတို့မှာလည်း တံတားပိတ်ချိန်နီးသည့်အတွက် သေချာစွာမစစ်ဆေးဘဲ တင်ဆောင်လာမိခြင်းဖြစ်ကြောင်း သိရသည်။
သုံးဘီးယာဉ်မောင်းနှင်သူနှင့်အတူ ဖမ်းမိသူ တစ်ဦးတို့ကို မယ်ဆိုင်ဘက်တွင် ဥပဒေအရ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
Ref: Maesaipress
#MeKongNews
#မယ်ဆိုင်
#တာချီလိတ်
#လက်လုပ်ပစ္စတို
#အကောက်ခွန်








