မဲခေါင်၊ မေ ၂၉
ပြင်သစ်နိုင်ငံတွင် အထိတ်တလန့်ဖြစ်ခဲ့ရသော ခွဲစိတ်ဆရာဝန်တစ်ဦး နှစ်ပေါင်း ၂၅နှစ် အတွင်း ခွဲစိတ်ကုသခံ ကလေးငယ်များစွာကို မေ့ဆေးပေးပြီး မုဒိမ်းကျင့်ခဲ့မှုအတွက် တရားခံကို မေ ၂၈ ရက်တွင် ဘရစ်တနေးတရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်။
တရားခံ ခွဲစိတ်ဆရာဝန်သည် ယနေ့ အသက် ၇၄ နှစ်ရှိပြီဖြစ်သော ဂျိုရယ်လီဆခိုရာနက် ဆိုသူဖြစ်ပြီး အသက် ၁၅ နှစ်အောက် လူနာကလေးငယ် ၂၅၆ ယောက်အပါ စုစုပေါင်း လူနာ ၂၉၉ ယောက်ကို မုဒိမ်းကျင့်၊ မေ့ဆေးပေးထားချိန် လိင်အမြတ်ထုတ်မှုများလုပ်ခဲ့သည်ဟု ဝန်ခံခဲ့သဖြင့် ပြင်သစ်နိုင်ငံ ဥပဒေစနစ်အရ အမြင့်ဆုံးပေးနိုင်သည့် ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။
ကလေးများအပေါ် လိင်စိတ်ရူးသွပ်စွဲလန်းနေခဲ့သူ ဆရာဝန်သည် ၁၉၈၉ ခုနှစ်မှ ၂၀၁၄ အထိ မုဒိမ်းမှုများကို ကျူးလွန်ခဲ့သူဖြစ်ကာ ပြင်သစ်နိုင်ငံ အနောက်ပိုင်းဒေသ ဆေးရုံများတွင် တာဝန်ထမ်းခဲ့ သည့်ကာလတစ်လျှောက် ယုတ်မာခဲ့ခြင်းဖြစ်သည်။
ယင်းအမှုကို ဖေဖော်ဝါရီလကတည်းက ပြန်လည်ကြားနာခဲ့ပြီး မုဒိမ်းမှု ၁၁၁ မှု၊ လိင် အကြမ်းဖက်မှု ၁၉၈ မှုဖြင့် အရေးယူလိုက်ခြင်းဖြစ်သည်။
လီဆခိုရာနက်သည် ၂၀၂၀ ပြည့်နှစ်က တူမနှစ်ဦးအပါ ကလေး ၄ ယောက်ကို မုဒိမ်းကျင့်မှုဖြင့် စွဲချက်တင်ခံရပြီး ထောင်ဒဏ်များထဲမှ ၁၅ နှစ်ကို ထောင်အတွင်း ကျခံခဲ့ပြီးဖြစ်သည်။
ပြင်သစ်နိုင်ငံ ဥပဒေ တွင် ယခုကဲ့သို့ ဆိုးရွားလွန်းသည့် စက်ဆုတ်ဖွယ် မုဒိမ်းမှုကြီးဖြစ်သော်လည်း အမြင့်ဆုံး ပြစ်ဒဏ်မှာ နှစ် ၂၀ သာရှိပြီး ထိုပြစ်ဒဏ်ကိုလည်း ဆက်တိုက်ကျခံစရာမလိုဟု ဆိုထားသဖြင့် ဝေဖန်ဆန္ဒပြမှုများလည်း ရှိခဲ့သည်။
၂၀၀၅ ခုနှစ်ကတည်းက ယင်းဆရာဝန်သည် ကလေးငယ်များ လိင်ဦးစားပေးပုံများ ဒေါင်းလုပ်လုပ်ခြင်းဖြင့် အရေးယူခံရသော်လည်း ဆိုင်ငံ ပြစ်ဒဏ်များ ခံထားရချိန် အများပြည်သူအတွက် ဆေးရုံကြီးများတွင် ဆက်လက်အလုပ်လုပ်ကိုင်ခြင်း ပေးခဲ့ခြင်းမှ နောက်ထပ် ပြစ်မှုများ ကျူး လွန်ခဲ့ခြင်းအပေါ်လည်း ဝေဖန်နေကြသည်။
၂၀၁၇ မှ ၆ နှစ်ကလေးငယ်အား မုဒိမ်းကျင့်မှုဖြင့် စတင် ထောင်သွင်းအကျဉ်းချခံရမှုအပေါ် ကိုယ်တိုင်လည်း မေ့ဆေးပေးကာ မုဒိမ်းကျင့်ခံရဖူးသော အမျိုးသမီး တစ်ဦးကလည်း တစ်သက်လုံးခွင့်မလွှတ်နိုင်ဟုဆိုကာ အမေရိကန်တွင်ဆိုလျှင် ထောင်ဒဏ် နှစ် ၂၀၀၀ ကျခံရနိုင်သည့် မုဒိမ်းကောာင်ဟု တရားရုံးအပြင်ဘက် ဆန္ဒပြမှုတွင် ထုတ်ဖော်ပြောဆိုသွားခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း ပြင်သစ်တောင်ပိုင်းတရားရုံးက အမျိုးသမီးတစ်ဦးကို ခင်ပွန်းသည် လိင်စိတ္တဇဖြစ်နေသူကိုယ်တိုင်က တခြားအမျိုးသား ၅၁ ယောက်ကို ခေါ်ယူမုဒိမ်းကျင့်ခိုင်းပြီး ဗီဒီယို ရိုက်ကူးကာ နှစ်ပေါင်းများစွာ ထိုမုဒိမ်းမှုကျူးလွန်ရာတွင် သတိမေ့အိပ်ပျော်စေသည့် ဆေးဝါးများ အသုံးပြုခဲ့သည့် ထိတ်လန့်စရာ မှုခင်းကြီးပေါ်ပေါက်ခဲ့သေးသည်။
ကိုကလင်း
Ref: aljazeera
#MeKongNews
#ပြင်သစ်
#မေ့ဆေးပေး
#ခွဲစိတ်ဆရာဝန်
#လီဆခိုရာနက်








