နေ့စဥ်သတင်း

တန် ၅၀၀၀ တိုက်သင်္ဘောသစ်ကြီး ရေချပွဲတင်ပျက်ဆီးမှု ဖမ်းဆီးခံ ၄ ဦး ကင်ဂျုံအန် သေဒဏ်ပေးနိုင်

မဲခေါင် 28 May - 2025
မဲခေါင်၊ မေ ၂၈ ပြီးခဲ့သည့် သီတင်ပတ်ကုန်က မြောက်ကိုရီးယားနိုင်ငံ၏ နောက်ဆုံးပေါ် တန် ၅၀၀၀ တိုက်သင်္ဘောကြီး ရေချပွဲအခမ်းအနားတွင် မအောင်မြင်ဘဲ ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ရာ ကနဦး တာဝန်ရှိသူ ၃ ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ဆုံး တစ်ယောက်ထပ် ဖမ်းဆီးပြီးနောက် ထိုသူများသည် ကင်ဂျုံအန်အမျက်ဒေါသ ကြောင့် ပစ်သတ်ခံရရန်သာရှိသည်ဟု မြောက်ကိုရီးယားခေါင်းဆောင်စောင့်ကြည့်ရေးအဖွဲ့ ထူထောင်သူ မစ်ချယ်မက်ဒန်က သုံးသပ်ပြောဆိုသွားခဲ့သည်။ နိုင်ငံတကာက ယင်းတန် ၅၀၀၀ တိုက်သင်္ဘောကြီးသည် နျူကလီးယားတင်ဆောင် ပစ်ခတ်နိုင်စွမ်း မည်မျှရှိမည်ကို စိတ်ဝင်တစားစောင့်ကြည့်နေကာ မြောက်ကိုရီးယား အစိုးရပိုင်မီဒီယာ၏ ခေါင်းကြီး မျက်နှာဖုံးသတင်းအဖြစ် တင်ရန် စီစဉ်ထားသော အခမ်းအနားသတင်းအဖြစ် လျာထားခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံများအရ သင်္ဘောသည် အတော်ပျက်စီးသွားပြီး ကရိန်းအပြာရောင်တပ်ဆင်ကာ ပြန်လည်

မဲခေါင်၊ မေ ၂၈

ပြီးခဲ့သည့် သီတင်ပတ်ကုန်က မြောက်ကိုရီးယားနိုင်ငံ၏ နောက်ဆုံးပေါ် တန် ၅၀၀၀ တိုက်သင်္ဘောကြီး ရေချပွဲအခမ်းအနားတွင် မအောင်မြင်ဘဲ ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ရာ ကနဦး တာဝန်ရှိသူ ၃ ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ဆုံး တစ်ယောက်ထပ် ဖမ်းဆီးပြီးနောက် ထိုသူများသည် ကင်ဂျုံအန်အမျက်ဒေါသ ကြောင့် ပစ်သတ်ခံရရန်သာရှိသည်ဟု မြောက်ကိုရီးယားခေါင်းဆောင်စောင့်ကြည့်ရေးအဖွဲ့ ထူထောင်သူ မစ်ချယ်မက်ဒန်က သုံးသပ်ပြောဆိုသွားခဲ့သည်။

နိုင်ငံတကာက ယင်းတန် ၅၀၀၀ တိုက်သင်္ဘောကြီးသည် နျူကလီးယားတင်ဆောင် ပစ်ခတ်နိုင်စွမ်း မည်မျှရှိမည်ကို စိတ်ဝင်တစားစောင့်ကြည့်နေကာ မြောက်ကိုရီးယား အစိုးရပိုင်မီဒီယာ၏ ခေါင်းကြီး မျက်နှာဖုံးသတင်းအဖြစ် တင်ရန် စီစဉ်ထားသော အခမ်းအနားသတင်းအဖြစ် လျာထားခဲ့သည်။

ဂြိုဟ်တုဓာတ်ပုံများအရ သင်္ဘောသည် အတော်ပျက်စီးသွားပြီး ကရိန်းအပြာရောင်တပ်ဆင်ကာ ပြန်လည် ပြင်ဆင်နေသည်ကို တွေ့ရသည်။

သင်္ဘောရေချရာ ချုံဂျင်းမြောက်ဘက် သင်္ဘောဆိပ်သို့ တက်ရောက်ဖွင့်လှစ်စဉ် ကိုယ်တိုင်မြင်ခဲ့ရသဖြင့် နမော်နမဲ့နိုင်လွန်းသော ရာဇဝတ်မှုကျူးလွန်ခြင်းဟု ကင်ဂျုံအန်ကိုယ်တိုင်က ဒေါသတကြီး ပြောဆိုခဲ့ကာ အင်ဂျင်နီယာချုပ် ကန်ဂျောင်ချူး၊ အလုပ်သမားအဖွဲ့ ခေါင်းဆောင် ဟန်ကျောင်ဟက်၊ လက်ထောက်မန်နေဂျာ ကင်ယောင်ဟက်တို့ကို ကနဦးဖမ်းဆီးခဲ့ပြီး ယခုနောက်ဆုံး သင်္ဘောကျင်းမှ အရာရှိတစ်ဦးကို ထပ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုအခြေအနေနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားစောင့်ကြည့်ရေးအဖွဲ့ထူထောင်သူ မစ်ချယ် မက်ဒန်က ကင်ဂျုံအန်လက်သုံးစကားဖြစ်သည့် မျောက်ခြောက်ရန် ကြက်ကိုသတ်ရမည် ဆိုသည့်အတိုင်း ဖမ်းဆီး ခံရသူများမှာ ပစ်သတ်ခံရရန်သာ သေချာသလောက်ရှိနေသည်ဟု သုံးသပ်ပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref:The Sun
#MeKongNews
#မြောက်ကိုရီးယား
#တိုက်သင်္ဘော
#ကင်ဂျုံအန်
#သေဒဏ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now