နေ့စဥ်သတင်း

စစ်ကောင်စီ၏ ဒီဂျစ်တယ်စောင့်ကြည့်ရေးစနစ်များကြောင့် ဖမ်းဆီးခံရမှု မြင့်မားလာ

မဲခေါင် 21 May - 2025
မဲခေါင်၊ မေ ၂၁ မြို့ပြနှင့် လမ်းများပေါ်တွင် တပ်ဆင်ထားသည့် စောင့်ကြည့်ရေးကွန်ယက် CCTV များ အပါအဝင် စစ်ကောင်စီ၏ မြင်ကွင်းကျယ် ဒီဂျစ်တယ်စောင့်ကြည့်ရေး စနစ်များကြောင့် ဖမ်းဆီးခံရသူ များပြားလာနေကြောင်း Spring Revolution Security က မေလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ဒီဂျစ်တယ်စောင့်ကြည်ရေး စနစ်များထဲတွင် မြို့ပြနှင့် လမ်းများပေါ်တွင် တပ်ဆင်ထားသည့် စောင့်ကြည့်ရေးကွန်ယက် CCTV များ၊ ဖုန်းပြောခြင်းနှင့် စာပေးပို့မှုများကို ကြားဖြတ်စောင့်ကြည့်ခြင်းနှင့် အင်တာနက်စောင့်ကြည့်ခြင်း တို့ပါဝင်ပြီး ပြည်သူလူထုအနေဖြင့် သတိထားရန် လိုအပ်ကြောင်း Spring Revolution Security က သတိပေးထားသည်။ စစ်ကောင်စီသည် စောင့်ကြည့်ရေးနည်းပညာသစ်များ ဖြစ်သည့် “

မဲခေါင်၊ မေ ၂၁

မြို့ပြနှင့် လမ်းများပေါ်တွင် တပ်ဆင်ထားသည့် စောင့်ကြည့်ရေးကွန်ယက် CCTV များ အပါအဝင် စစ်ကောင်စီ၏ မြင်ကွင်းကျယ် ဒီဂျစ်တယ်စောင့်ကြည့်ရေး စနစ်များကြောင့် ဖမ်းဆီးခံရသူ များပြားလာနေကြောင်း Spring Revolution Security က မေလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ဒီဂျစ်တယ်စောင့်ကြည်ရေး စနစ်များထဲတွင် မြို့ပြနှင့် လမ်းများပေါ်တွင် တပ်ဆင်ထားသည့် စောင့်ကြည့်ရေးကွန်ယက် CCTV များ၊ ဖုန်းပြောခြင်းနှင့် စာပေးပို့မှုများကို ကြားဖြတ်စောင့်ကြည့်ခြင်းနှင့် အင်တာနက်စောင့်ကြည့်ခြင်း တို့ပါဝင်ပြီး ပြည်သူလူထုအနေဖြင့် သတိထားရန် လိုအပ်ကြောင်း Spring Revolution Security က သတိပေးထားသည်။

စစ်ကောင်စီသည် စောင့်ကြည့်ရေးနည်းပညာသစ်များ ဖြစ်သည့် “ လူပုဂ္ဂိုလ်စိစစ်ခြင်းနှင့် စောင့်ကြည့်စနစ်” PSMS-Person Scrutinization and Monitoring System ကို ၂၀၂၅ ခုနှစ် မက်လ၁၈ ရက်နေ့တွင် နယ်စပ်ဂိတ်များ၊ စစ်ဆေးရေးဂိတ်များနှင့် လေဆိပ်များတွင်  စတင်အသုံးပြုခဲ့ကြောင်း၊ NSIMS – National Service Information Management System ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင်လည်းကောင်း၊ MAPPS- Myanmar Passenger Processing System ကို မတ်လ ၁၈ ရက်နေ့တွင် လေဆိပ်များတွင်လည်းကောင်း၊ GLMS –Guest List Management System ကို မတ်လ ၁၈ ရက်နေ့တွင် ဟိုတယ် နှင့် တည်းခိုခန်းများတွင်လည်းကောင်း အသုံးပြုနေပြီ ဖြစ်ကြောင်း Spring Revolution Security က ဆိုသည်။

ထို့အပြင် ၂၀၂၄ခုနှစ် အောက်တိုဘာလတွင် သန်းခေါင်းစာရင်းကောက်ယူခြင်းဖြင့် CAPI – Computer Assisted Personal Interviewing ဖြင့် လူပေါင်း ၃၂ သန်းကျော်ထံမှ ကောက်ယူခဲ့ကာ ဒေတာဘေစ့် နှင့် ချိက်ဆက်ထားခဲ့ကြောင်း၊ အလားတူ ဖုန်းဆင်းကဒ် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကိုလည်း လုပ်ဆောင်နေပြီး မကြာမီ ဖုန်းဆင်းကတ်များနှင့် လူပုဂ္ဂိုလ် စောင့်ကြည့်စစ်ဆေးနိုင်သည့် Sim Registration Management System ကို တည်ထောင်ရန် ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီလက်အောက်တွင် ရှိနေသော National Database တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ စာရင်းအရ နိုင်ငံသား ၅၂ သန်းကျော်၏ ကိုယ်ရေးအချက်အလတ်များကို သိမ်းဆည်းထားသလို ၂၀၂၃ ခုနှစ်တွင် စမတ်ကတ် UID နှင့် EID ကိစ္စရပ်များအတွက် သန်းခေါင်စာရင်း၊ မှတ်ပုံတင်ကဲ့သို့ Biographic – ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလတ်များ၊ မျက်လုံးစကန်၊ လက်ဗွေကဲ့သို့ Biometric –  ဇီဝအချက်အလက်များကို တောင်းယူခဲ့သည့်အပြင် ၂၀၂၄ ခုနှစ် မေလတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်လိုပါက စမတ်ကတ် UID လိုအပ်ကြောင်း ထုတ်ပြန်လာခဲ့သည် ဟု ဆိုသည်။

စစ်ကောင်စီ၏ အဖမ်းအဆီးများလာခဲ့သည့် ၂၀၂၄ ခုနှစ် နောက်ပိုင်းကာလများတွင် လူဦးရေ စာရင်းကောက်ယူခြင်း၊ CCTV တပ်ဆင်ခြင်း၊ Blacklist အချက်အလက်များကို ပင်ရင်း server နှင့် ချိက်ဆက်ထားခြင်းတို့ကြောင့် စစ်ဆေးဖမ်းဆီးမှု မြင့်မားလာရခြင်း ဟု Spring Revolution Security က သုံးသပ်ထားသည်။

ထိုအပြင် Huawei and HikVision Facial Recognition “Smart” နည်းပညာများနှင့် EID နည်းပညားများကို အသုံးပြုလာခဲ့ပြီး CCTV၊ Facial Recognition တို့အပြင် Database နှင့် ချိက်ဆက်ကာ စောင့်ကြည့်မှု ပြုလုပ်လာနေသည် ဟု သုံးသပ်ထားသည်။

ထိုအပြင် ဆက်သွယ်ရေးကိုပါ စစ်ကောင်စီက ထိန်းချုပ်လာခဲ့ပြီးနောက် ဖုန်းခေါ်ဆိုမှု နှင့် စာတိုပေးပိုမှုများကို စောင့်ကြည့်ခြင်း၊ ကွန်ယက်တခုလုံးကို “Keyword Recognition” ဖြင့် စောင့်ကြည့်ခြင်းတို့ကို ပြုလုပ်နေသည့်အပြင် ၂၀၂၃ ခုနှစ် မတ်လတွင် ကြားဖြတ်စောင့်ကြည့်ရေးမှုဘောင် ကိုပါလုပ်ဆောင်လာခဲ့သည် ဟု ဖော်ပြထားသည်။

ထိုကြောင့် စစ်ကောင်စီအောက်တွင် ရောက်ရှိနေသော မြန်မာပြည်သူတို့အနေနှင့် ဘက်စုံ စောင့်ကြည့်ခံနေရသည့် ဘဝကို ရောက်ရှိနေပြီး ကိုယ်ရေးအချက်အလတ်များအပြင် မျက်နှာ၊မျက်ကြည်လွှာ နှင့် လက်ဗွေရာကို ရယူထားခြင်း၊စစ်ဆေးရေးဂိတ်များ၊မြို့ထဲနှင့် မီးပွိုင့်များရှိ CCTV များ၊ဟိုတယ် နှင့် လေဆိပ်များအထိပါ စောင့်ကြည့်လာနိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု Spring Revolution Security က ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီသည် Wave Pay နှင့် KBZ Pay ကဲ့သို့ အွန်လိုင်းငွေလွှဲပလက်ဖောင်းများ၊ ဆိုရှယ်မီဒီယာများကို စောင့်ကြည့်ခြင်းလုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

ထိုကြောင့် အမှုဖွင့်ခံထားရသူများ၊ အမည်ပေါက်ထားသူများ၊ လှူဒါန်းဖူးသူများ၊ CDM ဆောင်ရွက်နေကြသူများ၊ ဦးဆောင်လှုပ်ရှားနေသူများအနေဖြင့် သတိထားရန် လိုအပ်ပြီး အထူးသဖြင့် ခရီးသွားလာမှု နှင့် စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းရာတွင် လည်းကောင်း၊ လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေး ကဲ့သို့ ဌာနဆိုင်ရာ ရုံးကိစ္စများနှင့် ပတ်သတ်ရမှုများတွင် အထူးပြင်ဆင်ထားရန် လိုအပ်ကြောင်း အသိပေးဖော်ပြထားသည်။

Photo – SCMP

ဖေသန်း
#MeKongNews
#စစ်ကောင်စီ
#ဒီဂျစ်တယ်စောင့်ကြည့်ရေးစနစ်
#PSMS
#သန်းခေါင်စာရင်း
#SpringRevolutionSecurity

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now