နေ့စဥ်သတင်း

တောင်ကိုရီးယားရှိ အမေရိကန်အခြေစိုက်စခန်းကို ၂ ကြိမ်လာရောက် စပိုင်လုပ်သူ တရုတ်စုံတွဲကို ဖမ်းဆီး

မဲခေါင် 26 Apr - 2025
မဲခေါင်၊ ဧပြီ ၂၆ တရုတ်နိုင်ငံသား စုံတွဲတစ်တွဲသည် တောင်ကိုရီးယားရှိ အမေရိကန်အခြေစိုက် လေတပ်စခန်းအနီး ၂ ကြိမ်တိုင်လာရောက်ကာ ဖိုက်တာဂျက်လေယာဉ်များကို မှတ်တမ်းတင်ရိုက်ကူးနေသည့်အတွက် ဧပြီ ၂၃ ရက်၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဂျုံဂီနမ်ဘူခရိုင်ရဲအေဂျင်စီနှင့် အမေရိကန်စစ်တပ် ထုတ်ပြန်ချက်အရ အမည်မဖော်ပြသော တရုတ်စုံတွဲသည် ဂျုံဂီခရိုင်၊ ပြုံတပ်ခ်ရှိ အမေရိကန်၏ အိုဆန်လေတပ်အခြေစိုက်စခန်းအနီး မှတ်တမ်းတင် ရိုက်ကူးမှုလုပ်နေသည်ကို တွေ့ရှိရကာ ထိုစုံတွဲသည် လွန်ခဲ့သည့် ၂ ရက်ကလည်း ထိုပုံစံအတိုင်း လာရောက်မှတ်တမ်းယူနေသဖြင့် သူလျှိုလုပ်သည့် သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ပထမတစ်ကြိမ်တွင် အမျိုးသားထောက်လှမ်းရေးနှင့် ကာကွယ်ရေး တန်ပြန်ထောက်လှမ်းမှုကွပ်ကဲရေး အဖွဲ့မှ ပူးပေါင်းဖမ်းဆီးစစ်ဆေးရာ သူလျှိုလုပ်သည့် ဝိသေသ မတွေ့ရှိရသဖြင့် ၈ နာရီကြာ

မဲခေါင်၊ ဧပြီ ၂၆

တရုတ်နိုင်ငံသား စုံတွဲတစ်တွဲသည် တောင်ကိုရီးယားရှိ အမေရိကန်အခြေစိုက် လေတပ်စခန်းအနီး ၂ ကြိမ်တိုင်လာရောက်ကာ ဖိုက်တာဂျက်လေယာဉ်များကို မှတ်တမ်းတင်ရိုက်ကူးနေသည့်အတွက် ဧပြီ ၂၃ ရက်၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဂျုံဂီနမ်ဘူခရိုင်ရဲအေဂျင်စီနှင့် အမေရိကန်စစ်တပ် ထုတ်ပြန်ချက်အရ အမည်မဖော်ပြသော တရုတ်စုံတွဲသည် ဂျုံဂီခရိုင်၊ ပြုံတပ်ခ်ရှိ အမေရိကန်၏ အိုဆန်လေတပ်အခြေစိုက်စခန်းအနီး မှတ်တမ်းတင် ရိုက်ကူးမှုလုပ်နေသည်ကို တွေ့ရှိရကာ ထိုစုံတွဲသည် လွန်ခဲ့သည့် ၂ ရက်ကလည်း ထိုပုံစံအတိုင်း လာရောက်မှတ်တမ်းယူနေသဖြင့် သူလျှိုလုပ်သည့် သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပထမတစ်ကြိမ်တွင် အမျိုးသားထောက်လှမ်းရေးနှင့် ကာကွယ်ရေး တန်ပြန်ထောက်လှမ်းမှုကွပ်ကဲရေး အဖွဲ့မှ ပူးပေါင်းဖမ်းဆီးစစ်ဆေးရာ သူလျှိုလုပ်သည့် ဝိသေသ မတွေ့ရှိရသဖြင့် ၈ နာရီကြာ စစ်ဆေးပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ဒုတိယအကြိမ်တွင်လည်း ရဲတပ်ဖွဲ့က ဥပဒေချိုးဖောက်သည်ကို မတွေ့ရှိရဘဲ ပျံသန်းနေသော လေယာဉ်များကိုသာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့သည်ဟု ထွက်ဆိုခဲ့ရာ ဥပဒေအရ ဘောင်လွတ်သဖြင့် ထပ်မံ လွှတ်ပေးခဲ့ရသည်ဟု သိရသည်။

ယခုဧပြီလဆန်းပိုင်းတွင်လည်း တရုတ်ဆယ်ကျော်သက် ၂ ဦးသည် တောင်ကိုရီးယားရှိ လေတပ် အခြေစိုက်စခန်းအနီး ဖိုက်တာဂျက်လေယာဉ်များကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနေသည်ကို တွေ့ရှိခဲ့ရသေးပြီး ထိုထဲမှ လူငယ်တစ်ဦးက ၎င်း၏ ဖခင်သည် တရုတ်ပြည်သူ့လုံခြုံရေး ဗျူရိုတွင် အလုပ်လုပ်ကြောင်း ထွက်ဆိုခဲ့သည်။

တရုတ်စပိုင်များသည် ပညာရေးစကော်လာများဖြင့် နိုင်ငံတကာ သို့ ရောက်ရှိသင်ကြားနေစဉ် တရုတ်ကွန်မြူနစ်ပါတီ စေခိုင်းမှုဖြင့် သူလျှို့လုပ်မှုများကို နိုင်ငံတကာတွင် ပြုလုပ်နေကြောင်း သိရှိရပြီး အမေရိကန်အစိုးရက တရုတ်ကျောင်းသားများကို စကောလရှစ်ပေးခြင်း များပင် ရပ်ဆိုင်းသည်အထိ တားဆီးမှုများ ပြုလုပ်ခဲ့သည်။

ကိုကလင်း
Ref: koreatimes
#MeKongNews
#တောင်ကိုရီးယား
#အမေရိကန်
#တရုတ်
#စပိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now