သတင်းဓာတ်ပုံ/မဲခေါင်
မြန်မာအမျိုးသားဒီမိုကရက်သစ် မဟာမိတ်တပ်မတော်(MNDAA) အုပ်ချုပ်ရေးယန္တာရား နောက်ဆုံးအသက်ဝင်ခဲ့စဉ် ဧပြီလ ၉ ရက်နေ့တွင် မှတ်တမ်းတင်ထားသည့် လားရှိုးမြို့တွင်း မြင်းကွင်းများဖြစ်သည်။
ထိုစဉ် မြို့နေ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော် ပြန်လည်ဝင်ရောက်လာ၍ မြို့တွင်း စည်ကားစွာ သက်ဝင်လှုပ်ရှားခဲ့သလို လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ခုအား စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးအပ်ရမည့် သတင်းများလည်း ထွက်ပေါ်နေခဲ့သည့် အချိန်ဖြစ်သည်။
MNDAA အုပ်ချုပ်မှုအတွင်း ဆေးရုံ၊ စာသင်ကျောင်း ၊ လျှပ်စစ်မီး၊ လုံခြုံရေး အစရှိသည့် လူမှုဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်စပြုခဲ့သော်လည်း ယခုအခါ တရုတ်အစိုးရ၏ နည်းမျိုးစုံ အကြပ်ကိုင်မှုဖြင့် လားရှိုးအား စစ်ကောင်စီထံ လွှဲပြောင်းပေးလိုက်ရပြီဖြစ်သည်။
၉ လအကြာသာ ထိန်းချုပ်အုပ်ချုပ်ခွင့် ရရှိလိုက်သည့် MNDAA တပ်သည် မြို့ပတ်လည်အား ဝိုင်းပတ်ထိန်းချုပ်ထားဆဲဖြစ်ပြီး လားရှိုးစစ်ဒေသ MNDAA စစ်ဦးစီးချုပ်သည်လည်း မြို့ပေါ် ရုံးထိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက်လာပြီး အုပ်ချုပ်ရေးကိုလည်း မေလ ၁ရက်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များ ပြောကြားချက်အရသိရသည်။
#MeKongNews
#လားရှိုး
#MNDAA
#စစ်ကောင်စီ
#အုပ်ချုပ်ရေး








