နေ့စဥ်သတင်း

တောင်တရုတ်ပင်လယ်အရေး တိုက်ရိုက်မသက်ဆိုင်သည့်နိုင်ငံ ဝင်မစွက်ဖက်ဖို့ တရုတ်နှင့် မလေးရှား သဘောတူ

မဲခေါင် 18 Apr - 2025
မဲခေါင်၊ ဧပြီ ၁၈ တရုတ်သမ္မတ ရှီကျင်းဖျင်၏ မလေးရှားခရီးစဉ်အတွင်း ရရှိခဲ့သည့် သဘောတူညီချက် ၆ ချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ရာတွင် တောင်တရုတ်ပင်လယ်အရေးလည်း ပါဝင်ခဲ့သည်။ ဧပြီလ ၁၇ရက်က ထုတ်ပြန်သည့် သဘောတူညီချက်များထဲတွင် တောင်တရုတ်ပင်လယ်၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် အရေးကြီးကြောင်း၊ သဘောထားကွဲလွဲမှုများကို ချစ်ကြည်ရင်းနှီးသော ဆွေးနွေးခြင်းနှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် သဘောတူညီထားကြောင်း၊ တိုက်ရိုက်မသက်ဆိုင်သည့် အဖွဲ့အစည်း (နိုင်ငံ)၏ ဝင်ရောက်စွက်ဖက်မှုသည် အကျိုးမရှိဘဲ အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်သည်ကို တညီတညွတ်တည်းသဘောတူ လက်ခံထေားကြောင်း ဖော်ပြထားသည်။ တရုတ်သံရုံးက ထုတ်ပြန်သည့် သဘောတူညီချက်များထဲတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ – WTO ၏ စည်းမျဉ်းများကို ချိုးဖောက်သည့်

မဲခေါင်၊ ဧပြီ ၁၈

တရုတ်သမ္မတ ရှီကျင်းဖျင်၏ မလေးရှားခရီးစဉ်အတွင်း ရရှိခဲ့သည့် သဘောတူညီချက် ၆ ချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ရာတွင် တောင်တရုတ်ပင်လယ်အရေးလည်း ပါဝင်ခဲ့သည်။

ဧပြီလ ၁၇ရက်က ထုတ်ပြန်သည့် သဘောတူညီချက်များထဲတွင် တောင်တရုတ်ပင်လယ်၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် အရေးကြီးကြောင်း၊ သဘောထားကွဲလွဲမှုများကို ချစ်ကြည်ရင်းနှီးသော ဆွေးနွေးခြင်းနှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် သဘောတူညီထားကြောင်း၊ တိုက်ရိုက်မသက်ဆိုင်သည့် အဖွဲ့အစည်း (နိုင်ငံ)၏ ဝင်ရောက်စွက်ဖက်မှုသည် အကျိုးမရှိဘဲ အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်သည်ကို တညီတညွတ်တည်းသဘောတူ လက်ခံထေားကြောင်း ဖော်ပြထားသည်။

တရုတ်သံရုံးက ထုတ်ပြန်သည့် သဘောတူညီချက်များထဲတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ – WTO ၏ စည်းမျဉ်းများကို ချိုးဖောက်သည့် စည်းကြပ်ခွန်များကို ထင်ရာစိုင်း တိုးကောက်ခြင်းကဲ့သို့သော တစ်ဖက်သက် ကုန်သွယ်မှုကန့်သတ်ချက်များကို ဆန့်ကျင်ကြောင်း၊ တရုတ် – အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ ၃.၀ ဗားရှင်း အဆင့်မြှင့်တင်ရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် အမြန်ဆုံး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်ပြီး ပြည်သူများကို အကျိုးပြုသွားမည်ဟု ထပ်လောင်းကတိပြုကြောင်း စသည်တို့ပါဝင်သည်။

တရုတ် – မလေးရှာ တွေ့ဆုံမှုအပြီး သဘောတူညီချက်များကို ကြည့်ပါက ထရမ့်အစိုးရ၏ လုပ်ဆောင်ချက်များကြောင့် တရုတ် – အာဆီယံ ပိုမိုနီးကပ်သွားစေသည်ကို တွေ့ရပြီး တရုတ်က အာဆီယံနိုင်ငံများအပေါ် ပိုမိုလွှမ်းမိုလာမည့် အရိပ်အယောင်ကို တွေ့ရကြောင်း နိုင်ငံရေး သုတေသီတစ်ဦးက သုံးသပ်သည်။

“တောင်တရုတ်ပင်လယ်အရေးဆိုရင် အမေရိကန်ကို ဗြောင်ကျကျပြောလိုက်တာပဲ။ အမေရိကန်က အကုန်လုံးကို လိုက်ကြပ်နေတော့ ကျန်တဲ့နိုင်ငံတွေလည်း တရုတ်ကလွဲလို့ တခြားရွေးစရာမရှိတဲ့ အခြေအနေကို ရောက်ကုန်တယ်။ အထူးသဖြင့် တရုတ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့နိုင်ငံတွေပေါ့” လို့ သူက ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်စည်းကြပ်ခွန်များတိုးမြှင့် ထုတ်ပြန်အပြီး တရုတ်သမ္မတရှီကျင်းဖျင်သည် အာဆီယံဒေသတွင်း ၃နိုင်ငံဖြစ်သည့် ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီယားနိုင်ငံများသို့ ဧပြီလ ၁၄ရက်မှ ၁၈ရက်အထိ သွားရောက်လည်ပတ်ပြီး ဆက်ဆံရေးတိုးမြှင့်တည်ဆောက်လျက်ရှိသည်။

#MeKongNews
#တောင်တရုတ်ပင်လယ်
#ရှီကျင်းဖျင်
#မလေးရှား
#အာဆီယံ
Photo – Prime Minister’s Office of Malaysia

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now