နေ့စဥ်သတင်း

တောင်ကြီး စရဖတပ်မှူး ဗိုလ်မှူးဇေယျာထွန်း လက်အောက်ခံတပ်ဆွယ်များထံမှ လစဉ်ကြေး သိန်းရာနှင့်ချီတောင်း၊ ၎င်း၏ ဇနီးကလည်း တပ်တွင်း မောက်မာရိုင်းစိုင်းလို့ မကျေနပ်ကြ

မဲခေါင် 13 Apr - 2025
မဲခေါင်၊ ဧပြီ ၁၃ တောင်ကြီး စရဖတပ်မှူးဖြစ်သူ ဗိုလ်မှူးဇေယျာထွန်းမှာ ၎င်း၏ လက်အောက်ခံ တပ်ဆွယ် (တပ်စိတ်) နှင့် တပ်စုများထံမှ လစဉ်ကြေး သိန်းရာနှင့်ချီတောင်းခံပြီး မပေးပါက ရာထူးနေရာပြောင်းပစ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သတင်းရင်းမြစ်များထံမှသိရသည်။ တောင်ကြီး စရဖလက်အောက်ရှိ တပ်ဆွယ်များဖြစ်သည့် မိုင်းပျဉ်း၊ ကျိုင်းခမ်းနှင့် နောင်ဝိုး အစရှိသည့် တပ်ဆွယ်များမှ တာဝန်ခံများကို ခေါ်ယူကာ လစဉ်ကြေးအဖြစ် ကျပ်သိန်းတစ်ရာနှင့်အထက် တောင်းခံကြောင်း၊ မပေးနိုင်ပါက ခြေလျင်/ခြေမြန်များသို့ ပို့ဆောင်မည်ဟု ခြိမ်းခြောက်ကြောင်း စရဖတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ထို့ပြင် တောင်ကြီးစရဖ လက်အောက်ရှိ တပ်စုများဖြစ်သည့် အောင်ပန်း၊ ရပ်စောက်၊ လွိုင်ကော် စသည့်တပ်စုများအနေဖြင့်လည်း တပ်ရေးဗိုလ်ကြီး အသုံးစရိတ်အဖြစ်

မဲခေါင်၊ ဧပြီ ၁၃

တောင်ကြီး စရဖတပ်မှူးဖြစ်သူ ဗိုလ်မှူးဇေယျာထွန်းမှာ ၎င်း၏ လက်အောက်ခံ တပ်ဆွယ် (တပ်စိတ်) နှင့် တပ်စုများထံမှ လစဉ်ကြေး သိန်းရာနှင့်ချီတောင်းခံပြီး မပေးပါက ရာထူးနေရာပြောင်းပစ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သတင်းရင်းမြစ်များထံမှသိရသည်။

တောင်ကြီး စရဖလက်အောက်ရှိ တပ်ဆွယ်များဖြစ်သည့် မိုင်းပျဉ်း၊ ကျိုင်းခမ်းနှင့် နောင်ဝိုး အစရှိသည့် တပ်ဆွယ်များမှ တာဝန်ခံများကို ခေါ်ယူကာ လစဉ်ကြေးအဖြစ် ကျပ်သိန်းတစ်ရာနှင့်အထက် တောင်းခံကြောင်း၊ မပေးနိုင်ပါက ခြေလျင်/ခြေမြန်များသို့ ပို့ဆောင်မည်ဟု ခြိမ်းခြောက်ကြောင်း စရဖတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် တောင်ကြီးစရဖ လက်အောက်ရှိ တပ်စုများဖြစ်သည့် အောင်ပန်း၊ ရပ်စောက်၊ လွိုင်ကော် စသည့်တပ်စုများအနေဖြင့်လည်း တပ်ရေးဗိုလ်ကြီး အသုံးစရိတ်အဖြစ် တစ်လလျှင် ကျပ်သိန်း ၃၀ လစဉ်ပေးရကြောင်း၊ ငွေကြေးအဆင်ပြေသည့် အခြားတပ်ဆွယ်များမှလည်း ငွေကြေးအဆင်ပြေမှုအပေါ် မူတည်ပြီး တပ်ဆွယ်အလိုက် ကျပ် ၅သိန်းမှ ကျပ်သိန်း ၆၀ အထိ ပေးဆောင်ရကြောင်း သိရသည်။

ဗိုလ်မှူးဇေယျာထွန်းမှာ တောင်ကြီးစရဖတပ်မှူးအဖြစ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ရောက်ရှိလာသူဖြစ်ပြီး ယခင်က မန္တလေးတွင် တာဝန်ကျခဲ့သူဖြစ်ကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူသန္တာထွန်းမှာလည်း တပ်တွင်း၌ ရဲမေများအပေါ် ပြောဆိုဆက်ဆံရာတွင် မောက်မာရိုင်းစိုင်းသူဖြစ်ကြောင်း၊ ဒေါ်ဖြူသန္တာထွန်း၏ ပြောဆိုဆက်ဆံမှုများကြောင့် ရဲမေများလည်း စိတ်ဆင်းရဲနေရကြောင်း၊ သို့သော်မည်သူ့ကိုမျှ မဖွင့်ပြောရဲကြောင်း ၎င်းတို့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“တစ်ခုခုတိုင်လို့ လာစစ်ရင်လည်း ဘယ်သူမှ သူတို့နဲ့ပတ်သက်တာ အမှန်ကို မပြောရဲကြဘူး။ ပြောရင် ခြေလျင်၊ ခြေမြန်ပို့မယ် ခြိမ်းခြောက်တယ်။ တပ်မှူးကတော်က သူ့အမေကိုတောင်သူအိမ်ပေါ်က မောင်းချတာ” ဟု ၎င်းကပြောသည်။

စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ – စရဖတပ်များသည် တိုင်းစစ်ဌာနချုပ်များ အခြေစိုက်သည့် နေရာများ၌ တပ်ထိုင်ပြီး ရှမ်းပြည်အတွင်း၌ စရဖတပ် ၄ တပ်အခြေစိုက်ကြောင်း၊ ၎င်းတို့မှာ တောင်ကြီး၊ ခိုလန်၊ ကျိုင်းတုံနှင့် လားရှိုး(ယခင်က) တို့တွင် အခြေစိုက်ကြောင်း သိရသည်။

ဇော်မြင့်
#MeKongNews
#တောင်ကြီးမြို့
#စရဖ
#လစဉ်ကြေး
#ငွေတောင်းခံ
#ဗိုလ်မှူးဇေယျာထွန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now