နေ့စဥ်သတင်း

ကျိုင်းတုံတွင် ကားတစ်စီး ရေချောင်းအတွင်းထိုးကျပြီး တစ်ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ

မဲခေါင် 12 Apr - 2025
မဲခေါင်၊ ဧပြီ ၁၂ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ကန်တာယာဥ်တစ်စီး ရေချောင်းအတွင်း ထိုးကျတိမ်းမှောက်၍ တစ်ဦးသေကာ ၆ဦးဒဏ်ရာရကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီသူများထံက သိရသည်။ ယမန်နေ့ ဧပြီလ၁၁ရက်နေ့ ည၆နာရီဝန်းကျင်တွင် ကျိုင်းတုံမြို့နယ်၊ ယန်းခအုပ်စု၊ (၃၁)မိုင်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၄၄၂/၆-၇ ကြားတွင် Mitsubishi Canter ၆ဘီး အဖြူရောင်ယာဉ်သည် လမ်း၏ ညာဘက်ပေ၁၅၀ခန့်နက်သော ရေချောင်းအတွင်းသို့ ထိုးကျသွားခြင်းကြောင့် တစ်ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိကြောင်း ကျိုင်းတုံ မီးသတ်ဌာနမှ သတင်းထုတ်ပြန်ထားသည်။ ယာဥ်တိမ်းမှောက်မှုကြောင့်ယာဉ်ပေါ်ပါ အမျိုးသား ၅ဦး၊ အမျိုးသမီး၂ဦး အနက် အမျိုးသားတစ်ဦး သေဆုံးပြီး ကျန်သူများ ထိခိုက်ဒဏ်ရာရကြောင်း၊ ယင်းထဲမှ အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၂ဦးမှာ

မဲခေါင်၊ ဧပြီ ၁၂

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ကန်တာယာဥ်တစ်စီး ရေချောင်းအတွင်း ထိုးကျတိမ်းမှောက်၍ တစ်ဦးသေကာ ၆ဦးဒဏ်ရာရကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီသူများထံက သိရသည်။

ယမန်နေ့ ဧပြီလ၁၁ရက်နေ့ ည၆နာရီဝန်းကျင်တွင် ကျိုင်းတုံမြို့နယ်၊ ယန်းခအုပ်စု၊ (၃၁)မိုင်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၄၄၂/၆-၇ ကြားတွင် Mitsubishi Canter ၆ဘီး အဖြူရောင်ယာဉ်သည် လမ်း၏ ညာဘက်ပေ၁၅၀ခန့်နက်သော ရေချောင်းအတွင်းသို့ ထိုးကျသွားခြင်းကြောင့် တစ်ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိကြောင်း ကျိုင်းတုံ မီးသတ်ဌာနမှ သတင်းထုတ်ပြန်ထားသည်။

ယာဥ်တိမ်းမှောက်မှုကြောင့်ယာဉ်ပေါ်ပါ အမျိုးသား ၅ဦး၊ အမျိုးသမီး၂ဦး အနက် အမျိုးသားတစ်ဦး သေဆုံးပြီး ကျန်သူများ ထိခိုက်ဒဏ်ရာရကြောင်း၊ ယင်းထဲမှ အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၂ဦးမှာ ပြင်းထန်ဒဏ်ရာရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရသည်။

ထိခိုက်သူများကို တိုင်းနေ၊ နှလုံးလှ၊ မိဘသွေးနှင့် မိုင်းဖြတ်နာ/ကူ အသင်းယာဥ်တို့ဖြင့် မိုင်းဖြတ်နှင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးများသို့ အသီးသီး ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း ယခု ၂၀၂၅ခုနှစ်အတွင်း မတ်လ၁ရက်နေ့ မှ ယနေ့ဧပြီလ ၁၂ရက်အထိ ယာဥ်တိမ်းမှောက်မှုများကြောင့် စုစုပေါင်း သေဆုံးသူ ၁၇ဦး နှင့် ဒဏ်ရာရရှိသူ ၃၅ ဦးအထိရှိခဲ့သည်။

ဖြစ်စဥ်များမှာ မတ်လ၁ရက်ညပိုင်း စပါယ်ရှယ်တောင်အဆင်းတွင် GI Express ခရီးသည်တင်ယာဉ် ချောက်ထဲတိမ်းမှောက်ဖြစ်စဥ်တွင် ၇ဦး သေဆုံးပြီး ၂၅ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဧပြီလ ၈ ရက် ည၁၁နာရီ ဝန်းကျင်  စပါယ်ရှယ်တောင်အဆင်းတွင် ခရီးသည်တင်ယာဉ် Rozer ၆ဘီး ခရီးသည်ယာဉ် ထိုးကျသွားမှုကြောင့် ဧပြီ၉ရက်နေ့တွင် ၈ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့သည်။

ဧပြီလ၁၀ရက်၊ ည၈နာရီခွဲဝန်းကျင်တွင်မူ ကျိုင်းတုံမြို့ပတ်လမ်းတွင် ယာဉ်မောင်းသင်ရင်း မတော်တဆဖြစ်ကာ ပေ ၅၀ ခန့်ရှိသည့် ချောက်ထဲသို့ ကားထိုးကျသွားသည့်အတွက် အမျိုးသမီး တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်။

မဟာ
#MeKongNews
#ရှမ်းအရှေ့
#ကျိုင်းတုံ
#ယာဉ်တိမ်းမှောက်
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now