မဲခေါင်၊ ဧပြီ ၈
တရုတ်ရိုးရာ သင်္ချိုင်းကန်တော့ပွဲ – ချင်းမင်ပွဲနေ့တွင် MNDAA တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးများနှင့် တော်လှန်ရေးတိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် MNDAA နှင့် မဟာမိတ်တပ်သားများကို အောက်မေ့ဂုဏ်ပြုခဲ့သည်။
ယင်းအခမ်းအနားကို MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့၊ ရန်လုံကျိုင်းရှိ အာဇာနည်ဗိမာန်တွင် ဧပြီလ ၇ရက်က ကျင်းပခဲ့ကြောင်း MNDAA ပြန်ကြားရေးက ထုတ်ပြန်သည်။
ဧပြီလ ၇ရက်က ကျင်းပသည့် ယင်းအခမ်းအနားသို့ ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဖုန်တာရွှင်လည်း တက်ရောက်ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများအရ သိရပြီး တိုက်ပွဲအတွင်း ကျဆုံးသွားသူများကို အာဇာနည်ဟု သုံးနှုန်းပြောဆိုခဲ့သည်ကို တွေ့ရသည်။
ယင်းအခမ်းအနားတွင် MNDAA စစ်ဘက်ခေါင်းဆောင်တစ်ဦးက “၁၀၂၇ စစ်ဆင်ရေး” မှာ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန်အတွက် မဖြစ်မနေဆင်နွှဲခဲ့ရသည့် ခုခံကာကွယ်စစ်၏တန်ပြန်တိုက်ခိုက်မှု ဖြစ်ကြောင်း ပြောဆိုသွားသည်။
#MeKongNews
#MNDAA
#၁၀၂၇စစ်ဆင်ရေး
#ဖုန်တာရွှင်
#လောက်ကိုင်



















