မဲခေါင်၊ ဧပြီ ၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြန်မာငလျင်ဘေးအတွက် စိတ်မကောင်းကြောင်းနှင့် အကူအညီအထောက်အပံ့များပေးသွားမည်ဟု ကတိပြုထားသည့်အတိုင်း နောက်ထပ် ဒေါ်လာ ၇ သန်း ထပ်မံထောက်ပံသွားမည်ဟု ရန်ကုန်ရှိ မြန်မာသံရုံးက ဧပြီ ၅ ရက် မနက်ပိုင်းတွင် ထုတ်ပြန်ကြေညာ သွားခဲ့သည်။
မတ် ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံအတွင်း သေဆုံးပျက်ဆီးမှု အလွန်များပြားလာသည့် အတွက် မတ် ၃၁ ရက်နေ့က ဒေါ်လာ ၂ သန်း ထောက်ပံ့ခဲ့ပြီး ဧပြီ ၅ ရက်တွင် အမေရိကန် ဘေးအန္တရာယ်ကျွမ်းကျင်းပညာရှင်များ၏ ကနဦးအကဲဖြတ်ဆန်စစ်ချက်များအရ ငလျင်ဒဏ်ကူညီရေး အဖွဲ့များထံ နောက်ထပ် ဒေါ်လာ ၇ သန်းဖိုးရှိ အထောက်အပံ့များကို ထပ်မံ ပေးအပ်သွားမည်ဟု ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ထုတ်ပြန်သွားခြင်းဖြစ်သည်။
Ref: U.S. Embassy Rangoon
ကိုကလင်း
#MeKongNews
#ငလျင်
#မြန်မာ
#အမေရိကန်
#ပေးအပ်
#ထောက်ပံ့ငွေ








