မဲခေါင်၊ ဧပြီ ၅
ငလျင်ကြောင့် ပြိုကျသွားသည့် ဘန်ကောက် စာရင်းစစ်ရုံး အပျက်အစီးပုံအတွင် ဧပြီ ၄ ရက် ည ၁၀ နာရီနောက်ဆုံးရ သတင်းအရ ကယ်ဆယ်ရေးအဖွဲ့သည် ဇုန် (C) အတွင်း ဖောက်ထွင်းဝင်ရောက်သွား နိုင်ကာ နောက်ထပ် တစ်မီတာ ထပ် ထိုးဖောက်နိုင်လျှင် အလုပ်သမားအများစု ပိတ်မိနိုင်သည့်နေရာ ရောက်ရှိတော့မည်ဖြစ်ကြောင်း သိရှိရသည်။
မတ် ၂၈ ရက်နေ့က ပြိုကျခဲ့သည့် အထပ် ၃၀ မြင့် ဆောက်လက်စတိုက်အတွင်း ပိတ်မိကာ ပျောက်ဆုံး နေသည့် လုပ်သားများမှာ ၇၉ ဦး ကျန်ရှိနေသေးကြောင်း သတင်းများအရ သိရှိရကာ ဝန်ချီစက်ကြီးများ နှင့်အတူ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းကာ တန်ပေါင်းများစွာ ပိနေသော ကွန်ကရစ် အပျက်အစီးပုံထဲ ဇုန်များခွဲပြီး တူးဖော်ရှာဖွေမှု ပြုလုပ်နေခြင်းဖြစ်သည်။
ဇုန် (C) နေရာသည် ပျောက်ဆုံးလုပ်သားအများဆုံး ပိတ်မိနိုင်သည့် နေရာဟု တွက်ဆထားပြီး ဇုန် (B) မှ ဆက်တိုးဝင်ရန်မှာ ကွန်ကရစ်တံတိုင်းခြားနေသောကြောင့် လျောစောက် ပုံသဏ္ဍန်တူးဝင်သွားခဲ့ရာမှ ဧပြီ ၄ ရက် ည ၁၀ နာရီတွင် မျှော်လင့်နေရာရောက်ရန် နောက် တစ်မီတာသာ ဆက်ဖောက်နိုင်လျှင် ရှင်သန်ကျန်ရစ်သူများကို ကယ်ထုတ်နိုင်ရန်ရှိသလို သေဆုံးပြီးသူများကိုလည်း မိသားစုထံ ပြန်ပို့ပေးနိုင်မည်ဟု မျှော်မှန်းကာ ဆက်လက်တူးဖော်နေကြောင်း အဆိုပါအဆောက်အအုံပျက်တွင် အချိန်ပြည့် အကူအညီပေးနေသော Ruamkatanyu Foundation ၏ ထုတ်ပြန်မှုအရ သိရှိရသည်။
Ref: matichon
ကိုကလင်း
#MeKongNews
#ဘန်ကောက်ငလျင်
#ပြိုကျ
#ကယ်ဆယ်








