နေ့စဥ်သတင်း

အမေရိကန် စစ်ရေးခြိမ်းခြောက်လျှင် တုံ့ပြန်မည်ဟု အီရန် တပ်ချုပ်ပြော

မဲခေါင် 17 Mar - 2025
မဲခေါင်၊ မတ် ၁၇ အီရန်ကျောထောက်နောက်ခံပေး ဟူသီအဖွဲ့ကို ပြတ်သားပြီးပြင်းထန်သည့် တိုက်ခိုက်မှုပြုလုပ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုပ်သံမှ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုကာ အီရန်အနေဖြင့် ဟူသီအဖွဲ့ကို ထပ်မံ ထောက်ပံ့ပေးခြင်းများမလုပ်ရန် သတိပေးပြီး ယီမင်းနိုင်ငံထဲ ပစ်ခတ်တိုက်ခိုက်မှု များစွာပြုလုပ်ခဲ့သည်။ ၅၃ ယောက်သေဆုံးခဲ့သည့် တိုက်ခိုက်မှုအပြီး အီရန်အစောင့်တပ် တပ်ချုပ်ဖြစ်သူ ဟော့ဆိန်းဆလာမီ က အီရန်သည် စစ်မလိုလားသော်လည်း ခြိမ်းခြောက်လာလျှင် သင့်လျှော်၊ ပြတ်သား၊ ခိုင်လုံသော တုံ့ပြန်တိုက်ခိုက်မှုများပြုလုပ်သွားရမည်ဟု ထုတ်ပြန်သွားခဲ့သည်။ ဆလာမီက ဟူသီအဖွဲ့ကို ယီမင် နိုင်ငံကိုယ်စားပြုအဖြစ် ထည့်သွင်းပြောဆိုသလို ထိုအဖွဲ့သည် လွတ်လပ်သော မဟာဗျူဟာ စစ်ဆင်ရေးဆုံးဖြတ်ချက်များ ဖော်ဆောင်နေသည့်အဖွဲ့ဟုလည်း ထောက်ခံပြောဆိုခဲ့သည်။ ၂၀၂၀ ဇန်နဝါရီလတုန်းကလည်း ပထမအကြိမ် အမေရိကန်သမ္မတ

မဲခေါင်၊ မတ် ၁၇

အီရန်ကျောထောက်နောက်ခံပေး ဟူသီအဖွဲ့ကို ပြတ်သားပြီးပြင်းထန်သည့် တိုက်ခိုက်မှုပြုလုပ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုပ်သံမှ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုကာ အီရန်အနေဖြင့် ဟူသီအဖွဲ့ကို ထပ်မံ ထောက်ပံ့ပေးခြင်းများမလုပ်ရန် သတိပေးပြီး ယီမင်းနိုင်ငံထဲ ပစ်ခတ်တိုက်ခိုက်မှု များစွာပြုလုပ်ခဲ့သည်။

၅၃ ယောက်သေဆုံးခဲ့သည့် တိုက်ခိုက်မှုအပြီး အီရန်အစောင့်တပ် တပ်ချုပ်ဖြစ်သူ ဟော့ဆိန်းဆလာမီ က အီရန်သည် စစ်မလိုလားသော်လည်း ခြိမ်းခြောက်လာလျှင် သင့်လျှော်၊ ပြတ်သား၊ ခိုင်လုံသော တုံ့ပြန်တိုက်ခိုက်မှုများပြုလုပ်သွားရမည်ဟု ထုတ်ပြန်သွားခဲ့သည်။

ဆလာမီက ဟူသီအဖွဲ့ကို ယီမင် နိုင်ငံကိုယ်စားပြုအဖြစ် ထည့်သွင်းပြောဆိုသလို ထိုအဖွဲ့သည် လွတ်လပ်သော မဟာဗျူဟာ စစ်ဆင်ရေးဆုံးဖြတ်ချက်များ ဖော်ဆောင်နေသည့်အဖွဲ့ဟုလည်း ထောက်ခံပြောဆိုခဲ့သည်။

၂၀၂၀ ဇန်နဝါရီလတုန်းကလည်း ပထမအကြိမ် အမေရိကန်သမ္မတ သက်တမ်းကာလအတွင်း ဒေါ်နယ် ထရမ့်သည် ဘဂ္ဂဒက်တွင် အီရန်အစောင့်တပ် နိုင်ငံခြားရေးရာ တပ်ချုပ် ကာဆမ်ဆူလီမာနီကို ဒရုန်းဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သေးပြီး ရက်ပိုင်းအကြာတွင် အီရန်ဘက်က အီရတ်ရှိ အမေရိကန်နှင့်မဟာမိတ်များ၏ စခန်းကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်လက်စားချေရာတွင် အမေရိကန်စစ်သား သေဆုံးမှု မရှိခဲ့သော်လည်း ဒါဇင်နှင့်ချီပြီး ဒဏ်ရာရသလို ဦးနှောက်ဒဏ်ရာများ ရရှိခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ်ဘက်ကာအီက ယီမင်နိုင်ငံအတွင်း အရပ်သားများစွာ သေဆုံးခဲ့ရသော အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုသည် U.N. Charter ကို ဆိုးရွားစွာ ချိုးဖောက် အကြမ်းဖက်ခြင်းဖြစ်သည်ဟု အပြင်းအထန် ရှုတ်ချခဲ့သည်။

ပါလက်စတိုင်းများဖြင့် ဖွဲ့စည်းထားသည့် ဟူသီအဖွဲ့သည် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း ယီမင်နိုင်ငံ နေရာအများအပြားကို ထိန်းချုပ်ထားကာ အစ္စရေးနှင့် အမေရိကန်တို့ကို ဆန့်ကျင်တော်လှန်နေကာ အီရန်က အဓိက ထောက်ပံ့ထိန်းချုပ်ထားသော လက်နက်ကိုင်တပ်လည်း ဖြစ်သည်။

Ref: thehindu
ကိုကလင်း
#MeKongNews
#ထရမ့်
#စစ်မလိုလား
#အီရန်
#တုံ့ပြန်
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now