မဲခေါင်၊ မတ် ၁
ရှမ်းပြည်တောင်ပိုင်း၊ ကလောအခြေစိုက် တပ်မ ၅၅ တွင် တပ်အင်အားများစုစည်းနေပြီး လက်အောက်ခံ တပ်ရင်းများမှ တပ်ဖွဲ့ဝင်များ ထွက်ပြေးနေသူများလည်းရှိနေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ (မတ် ၁) တွင်လည်း တောင်ကြီးဘက်မှ စစ်ကား ၁၅ စီးဖြင့် ကလောတပ်မ ၅၅ သို့ ရောက်လာပြီး စစ်ခမောက်များ၊ တောဆောင်းဦးထုပ်များဖြင့် လူဟောင်းများက ကား ၆ စီး၊ သင်တန်းဆင်း ဆံပင်ပုံစံများဖြင့် ၉ စီး ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဒေသခံရင်းမြစ်များက ပြောသည်။
“လူသစ်တွေ သေးပေါက်တာတောင် ကားဘီးဘက်ပန်းခိုင်းတာ၊ လက်နက် ပါတာတော့မတွေ့ဘူး” ဟု မဲခေါင်သတင်းဌာန စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယမန်နေ့က သင်တန်းဆင်းသည့် စစ်မှုထမ်းအပတ်စဥ် (၈) လူသစ်များကို လူဟောင်းများနှင့်အတူ ရှမ်း၊ ကရင်နီ စစ်မျက်နှာများသို့ ပို့ဆောင်ဖွယ်ရှိသည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။
တပ်မ ၅၅ တွင် ထိုသို့ လူသစ်များ စုစည်းနေသလို တပ်မှ ထွက်ပြေးသွားသူများလည်းရှိသည်။ အရာခံဗိုလ်တစ်ဦးနှင့် တပ်သား ၆ ဦးတို့ ဖေဖော်ဝါရီ ၂၇ ရက်က ထွက်ပြေးသွားကြောင်း သိရသည်။
“လက်နက်တွေ မပါဘူးကြားတယ်၊ ဂိတ်တွေမှာ စစ်နေတယ်” ဟု ကလောဒေသခံတစ်ဦး က ပြောသည်။
ကလောတပ်ရင်းများဖြစ်သည့် ခလရ-၃၊ ခလရ-ရနှင့် ခမရ ၁၁၂ တို့မှာ အရာခံဗိုလ်နှင့် တပ်သားများ ထွက်ပြေးသွားခြင်းဖြစ်ပြီး မည်သို့ထွက်ပြေးသွားသည်ကိုမူ မသိရသေးပါ။
မဟာ
#MeKongNews
#စစ်ကောင်စီ
#ကလော
#တပ်မငါးငါး
#ထွက်ပြေး
#စုစည်း
#ကရင်နီ
#ရှမ်းတောင်မြောက်








