နေ့စဥ်သတင်း

ဝီဂါများ တရုတ်ထံ ပြန်ပို့ခြင်းမှာ တရုတ်နိုင်ငံသားများကို တရားဝင် ပြန်ပို့ခြင်းသာဖြစ်ပြီး ဘေးကင်းစေမည့် အာမခံချက်ရခဲ့ဟု ထိုင်းဝန်ကြီးချုပ် ရှင်းလင်း

မဲခေါင် 1 Mar - 2025
မဲခေါင်၊ မတ် ၁ ထိုင်းအာဏာပိုင်များသည် နိုင်ငံအတွင်းတရားမဝင် ဝင်ရောက်လာမှုအကြောင်းပြချက်ဖြင့် ၁၁ နှစ်ကြာ ဖမ်းဆီးထားခဲ့သော ဝီဂါ မွတ်ဆလင် ၄၅ ယောက်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ရာ ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေးအသိုင်းအဝိုင်းများသာမက ထိုင်းလွှတ်တော်အမတ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံတကာဥပဒေကို မျက်ကွယ်ပြုမှုဟု ပြင်းထန်စွာ ဝေဖန်မှုများ ရှိလာခဲ့သည်။ ဝီဂါမွတ်ဆလင်များသည် တူရကီနွယ်ဖွား လူမျိုးစုများဖြစ်ကာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသွင် နေထိုင်လာခဲ့ရာ စုစုပေါင်း လူဦးရေ ၁၂ သန်းဝန်းကျင်ရှိနေသည်။ ထိုအခြေအနေတွင် အကြမ်းဖက်လာမည့် အန္တရာယ်ပေးနိုင်သော လူမျိုးစုဟုဆိုကာ တရုတ်အစိုးရက ဝီဂါမျိုးနွယ်စုပေါင်း ၁ . ၂ သန်းကျော်ကို မြို့ကြီးတစ်ခုပုံစံ အကျဉ်းထောင်အဆောက်အအုံကြီးများ ဆောက်လုပ် အကျဉ်းချနေထိုင်စေပြီး လူ့အခွင့်အရေးလုံး၀မပေးသော

မဲခေါင်၊ မတ် ၁

ထိုင်းအာဏာပိုင်များသည် နိုင်ငံအတွင်းတရားမဝင် ဝင်ရောက်လာမှုအကြောင်းပြချက်ဖြင့် ၁၁ နှစ်ကြာ ဖမ်းဆီးထားခဲ့သော ဝီဂါ မွတ်ဆလင် ၄၅ ယောက်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ရာ ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေးအသိုင်းအဝိုင်းများသာမက ထိုင်းလွှတ်တော်အမတ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံတကာဥပဒေကို မျက်ကွယ်ပြုမှုဟု ပြင်းထန်စွာ ဝေဖန်မှုများ ရှိလာခဲ့သည်။

ဝီဂါမွတ်ဆလင်များသည် တူရကီနွယ်ဖွား လူမျိုးစုများဖြစ်ကာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသွင် နေထိုင်လာခဲ့ရာ စုစုပေါင်း လူဦးရေ ၁၂ သန်းဝန်းကျင်ရှိနေသည်။

ထိုအခြေအနေတွင် အကြမ်းဖက်လာမည့် အန္တရာယ်ပေးနိုင်သော လူမျိုးစုဟုဆိုကာ တရုတ်အစိုးရက ဝီဂါမျိုးနွယ်စုပေါင်း ၁ . ၂ သန်းကျော်ကို မြို့ကြီးတစ်ခုပုံစံ အကျဉ်းထောင်အဆောက်အအုံကြီးများ ဆောက်လုပ် အကျဉ်းချနေထိုင်စေပြီး လူ့အခွင့်အရေးလုံး၀မပေးသော ဖိနှိပ် သတ်ဖြတ်မှုများပြုလုပ်နေသဖြင့် လူမျိုးတုံး သတ်ဖြတ်မှုဟု နိင်ငံတကာက စွပ်စွဲနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ဝီဂါ ၄၅ ယောက်ကို ထိုင်းအစိုးရက တိတ်တဆိတ် တရုတ်ထံ လွှဲအပ်ပေးခဲ့ရာ ထိုင်းအတိုက်အခံ အမတ် ကန်ဝီးနှင့် ရန်စီမန်ရုမ်းတို့ဦးဆောင်ကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်ထားပြီး တရုတ်မှ အစဖျောက်ဖျက်ရန်ရှိနေသော ဝီဂါများကို တရုတ်လက်ထံ အပ်နှံခြင်းမှာ အန္တရာယ်ရှိသော ခိုလှုံခွင့်တောင်းခံသူ များအား အန္တရာယ်ရှိသော နိုင်ငံထံ ပြန်အပ်နှံခြင်းမပြုရဆိုသည့် နိုင်ငံတကာ စည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ လူ့အခွင့်အရေးစံနှုန်းများအပေါ် လိုက်နာခြင်းမရှိခြင်းက ယခု ဖြစ်စဉ်တွင် ပြောင်ပြောင် တင်းတင်း ကျူးလွန်ခြင်းဖြစ်သောကြောင့် လူ့အခွင့်အရေးကောင်စီမှ ထွက်သင့်ကြောင်း လွှတ်တော်အမတ် ကန်ဝီးက ပြင်းထန်စွာဝေဖန်ခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ရောက်မှ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်သည် အဆိုပါ လှုပ်ခတ်မှုများနှင့်ပတ်သက်ပြီး မိမိ တရုတ်နိုင်ငံသို့ မကြာသေးမီက အလည်အပတ်ခရီးသွားစဉ် ဝီဂါများကို တရုတ်အစိုးရက မိသားစုနှင့် နွေးထွေးစွာ ပြန်လည်ဆုံဆည်းပေးမည်ဟု အာမခံချက်ဖြင့် ပြန်လည် စေလွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တူရကီ နိုင်ငံက အဆိုပါ ဝီဂါများကို ပြန်ခေါ်မည်ဆိုသည့် သတင်းများမှာ လက်တွေ့တွင် ကောလာဟလသဖြစ်ခဲ့သောကြောင့် ဝီဂါ ၄၅ ယောက်ကို လက်ခံမည့် တတိယနိုင်ငံ တစ်နိုင်ငံမှ မရှိခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့သည် တရုတ်နိုင်ငံသားများသာဖြစ်သောကြောင့် နိုင်ငံတကာ ဥပဒေစံနှုန်းနှင့်အညီ လက်ထပ်ပင် မခတ်ဘဲ မိသားစုထံ ပြန်လည် ပို့ဆောင်ပေးခြင်းသာဖြစ်ကာ ထုတ်မပြောဟု ရည်ရွယ်ထားပြီးမှ ရှင်းလင်းစေလိုသဖြင့် နောက်ကျမှ ရှင်းလင်းရခြင်းဖြစ်သည်ဟု ထုတ်ပြန်သွားခဲ့သည်။

သို့သော် ထိုင်း ပြည်သူ့ပါတီ ဒုတိယအကြီးအကဲ နာမည်ကြီးလွှတ်တော်အမတ် ရန်စီမန်ရုမ်းက တရုတ်ပြန်ပို့ လိုက်သော ဝီဂါများထဲမှ တစ်ဦးက မိမိတို့ တရုတ်သို့ မည်သူမျှ မပြန်ချင်ကြောင်းနှင့် ထိုင်းထောင်ထဲတွင်ပင် တစ်ဦး သေဆုံးခဲ့ရပြီးဖြစ်ကြောင်း၊ မည်သည့် တတိယနိုင်ငံဖြစ်ပါစေ နေထိုင်ခိုလှုံခွင့်ရလျှင် သွားရောက်မည် ဖြစ်ကာ တရုတ်သို့ လုံး၀မပြန်လိုကြောင်း စာရေးပေးပို့ခဲ့သည့် သက်သေ စာနှင့်တကွ တင်ပြပြီး ပေထောင်တန် ၏ ပြောဆိုမှုများနှင့် ပြန်ရောက်စဉ် ဝီဂါများမိသားစုနှင့်ပွေ့ဖက်နေသည့်ပုံမှာ တရုတ်သံရုံးမှ ထုတ်ပြန်သည့်ပုံသာ ဖြစ်သည့်အတွက် နိုင်ငံတော်၏ လူ့အခွင့်အရေးအပေါ် မျက်ကွယ်ပြုလွန်းမှုသည် ရှက်ဖွယ်ရာကောင်းကြောင်း ဝေဖန်သွားခဲ့သည်။

Ref: Thai Enquirer & The Reporters
ကိုကလင်း
#MeKongNews
#ဝီဂါ
#တရုတ်
#တူရကီ
#ထိုင်း
#ပေထောင်တန်
#ပြန်ပို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now