မဲခေါင်၊ ဖေဖော်ဝါရီ ၂၃
ထိုင်းနိုင်ငံတော်ကောင်စီက ကာစီနိုလုပ်ငန်းများ တရားဝင်ခွင့်ပြုရန် အဆိုတင်သွင်းအောင်မြင်ထားမှုတွင် နိုင်ငံသားများ လောင်းကစားစွဲလမ်းမည်ကို စိုးရိမ်နေကြခြင်းအတွက် အဖြေတစ်ခုအဖြစ် အနည်းဆုံး ဘဏ်အပ်ငွေ ဘတ်သန်း ၅၀ (ဒေါ်လာ ၁.၄၈ သန်း) ပြသနိုင်မှ ဝင်ရောက် ကစားခွင့်ပြုရန် ဆုံးဖြတ်ဖွယ်ရှိနေသည်။
ထိုင်း အစိုးရအကြံပေးအဖွဲ့ နိုင်ငံတော်ကောင်စီ အထွေထွေအတွင်းရေးမှူး ပါခွန်းနီပလာပန့်ခ်က ကိုဗစ်ကတည်းက ကျဆင်းသွားခဲ့သော နိုင်ငံစီးပွားရေးနှင့် အဓိကအကျုံးဝင်သည့် ပြည်ပခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်နိုင်ရန် ကာစီနိုလုပ်ငန်းမှာ လူလုပ်သော ပြည်ပသားများကို ဖမ်းစားရာ ဖျော်ဖြေရေးလုပ်ငန်းဖြစ်သည်ဟု ဆိုသည်။
ထို့ ကြောင့် ကာစီနိုလုပ်ငန်းများ တရားဝင်ဖွင့်လှစ်လိုခြင်းမှာ လောင်းကစားခြင်းသီးသန့်မဟုတ်ဘဲ တိုးရစ်များကို ဖမ်းစားသည့် ပစ်မှတ်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံသားများ အဆိုပါ ကာစီနိုရုံများထဲ ဝင်ရောက်ကစားပြီး လောင်းကစားစွဲလမ်းမှု မဖြစ်စေရေးမှာ တင်းကြပ်သော စည်းမျဉ်းများ ထုတ်ပြန်မှဖြစ်မည်ဟု ပြောသွားခဲ့သည်။
၂၀၂၃ Statista ၏ စစ်တမ်းတွင် ထိုင်းနိုင်ငံသားတစ်ဦး တစ်နှစ်ပျမ်းမျှ ဝင်ငွေမှာ ဘတ် ၃၄၈၀၀၀ သာရှိကြောင်း၊ ထို့ကြောင့် သာမန်ထိုင်းနိုင်ငံသားအားလုံးနီးပါး ဘတ်သန်း ၅၀ ပြမှ ကာစီနိုကစားခွင့်ပြုလျှင် ကစားနိုင်ကြမည် မဟုတ်ဘဲ အလွန်ကြွယ်၀သော ထိုင်းနိုင်ငံသားများကစားလျှင်လည်း ဘတ်သန်း ၅၀ ပြမှ၊ တစ်ကြိမ်ဝင်ကြေး ဘတ် ၅၀၀၀ သတ်မှတ်ပေးခြင်းဖြင့် လောင်းကစားဘေးထွက်ဆိုးကျိုးဒဏ်ကို ထိန်းနိုင်မည်ဖြစ်သည်။
အဓိက လိုရင်းမှာ ပြည်ပသားများစွာ လာရောက်ကစားခြင်းဖြင့် နိုင်ငံ ခရီးသွားလုပ်ငန်းတိုးတက်စေရန် ရည်ရွယ်သောကြောင့် သတ်မှတ်ချက်များ အဆိုပြုကောင်းပြုရမည်ဟု ပါခွန်းနီပလာပန့်ခ်က ရှင်းလင်းပြောဆိုသည်။
Ref: igamingbusines
ကိုကလင်း
#MeKongNews
#ကာစီနို
#ထိုင်းပြည်ပ
#နိုင်ငံသား
#ဝင်ကစား
#ဘတ်သန်းငါးဆယ်








