နေ့စဥ်သတင်း

အဓမ္မစစ်မှုထမ်းခိုင်းစေခံရသူတချို့ KNDF ထံလက်နက်များနှင့်တကွ ပြည်သူ့ဘက်ခိုလှုံလာ

မဲခေါင် 18 Feb - 2025
မဲခေါင်၊ ဖေဖေါ်ဝါရီ ၁၈ နေ့စဉ်နီးပါး မြေပြင်တိုက်ပွဲဖြစ်ပွါးနေသည် မိုးဗြဲမြို့နယ်၊ KNDF တပ်ရင်း(၃)လှုပ်ရှားနယ်မြေဖြစ်သည့် စစ်မြေပြင်၌ စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူများထဲမှ လက်နက်နှင့်တကွ ငါးဦး၊ လက်နက်မပါ ရှစ်ဦး KNDF ပြည်သူ့ဘက်ရပ်တည်ခိုလှုံလာသည်။ ထို ၁၃ ဦးကို KNDF မှလက်ခံခေါ်ဆောင်ပြီး ဗဟိုဌာနများ၌ လုံခြုံစွာထားရှိကြောင်း ယနေ့ထုတ်ပြန်ချက်၌ ဖေါ်ပြထားသော်လည်း ပြည်သူ့ဘက်ခိုလှုံလာသည့် နေ့ရက်၊ စွန့်ခွါလာသည့်တပ်ရင်းနံပတ်များကို ဖေါ်ပြထားခြင်းမရှိသလို ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိချေ။ KNDF တပ်ရင်း(၃)က တပ်ရင်းမှူးနှင့် အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူတစ်ဦးနှင့် အမေးအဖြေပြုလုပ်ထားသည့် ဗွီယိုဖိုင်တစ်ခုလည်း တပ်ရင်း(၃)ကထုတ်ပြန်ထားသည်။ ထိုဗွီယိုဖိုင်၌ ရင်း(၃)တပ်ရင်းမှူးမေးသမျှကိုဖြေကြားနေသူသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ရဲနှင့် အခြေအတင် စကားများရာမှ ဖမ်းဆီးခံရကာ

မဲခေါင်၊ ဖေဖေါ်ဝါရီ ၁၈

နေ့စဉ်နီးပါး မြေပြင်တိုက်ပွဲဖြစ်ပွါးနေသည် မိုးဗြဲမြို့နယ်၊ KNDF တပ်ရင်း(၃)လှုပ်ရှားနယ်မြေဖြစ်သည့် စစ်မြေပြင်၌ စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူများထဲမှ လက်နက်နှင့်တကွ ငါးဦး၊ လက်နက်မပါ ရှစ်ဦး KNDF ပြည်သူ့ဘက်ရပ်တည်ခိုလှုံလာသည်။

ထို ၁၃ ဦးကို KNDF မှလက်ခံခေါ်ဆောင်ပြီး ဗဟိုဌာနများ၌ လုံခြုံစွာထားရှိကြောင်း ယနေ့ထုတ်ပြန်ချက်၌ ဖေါ်ပြထားသော်လည်း ပြည်သူ့ဘက်ခိုလှုံလာသည့် နေ့ရက်၊ စွန့်ခွါလာသည့်တပ်ရင်းနံပတ်များကို ဖေါ်ပြထားခြင်းမရှိသလို ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိချေ။

KNDF တပ်ရင်း(၃)က တပ်ရင်းမှူးနှင့် အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူတစ်ဦးနှင့် အမေးအဖြေပြုလုပ်ထားသည့် ဗွီယိုဖိုင်တစ်ခုလည်း တပ်ရင်း(၃)ကထုတ်ပြန်ထားသည်။

ထိုဗွီယိုဖိုင်၌ ရင်း(၃)တပ်ရင်းမှူးမေးသမျှကိုဖြေကြားနေသူသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ရဲနှင့် အခြေအတင် စကားများရာမှ ဖမ်းဆီးခံရကာ သင်တန်းကျောင်းသို့ပို့ဆောင်ခံရပြီး စက်တင်ဘာ ၉ ရက်တွင် အခြေခံစစ်သင်တန်း သုံးလတက်ခဲ့ရသည်၊ ထို့နောက် ယခုလတွင် စစ်မြေပြင်ကိုပို့ဆောင်ခံရပြီး ၁၃ ရက်ခန့်အကြာတွင် KNDF နှင့်ချိတ်ဆက်ခိုလှုံခြင်းဟုဆိုသည်။

၎င်းက “လူငယ်တစ်ယောက်ဆိုရှိရင် ဖုန်းပျောက်လို့ ရဲစခန်းသွားတိုင်တာ အလုပ်ရှုပ်လို့ဆိုပြီးတော့ တခါတည်း ဆွဲထည့်လိုက်တာ” ဟု ပြောသည်။

KNDF ထံ ပြည်သူ့ဘက်ရပ်တည်ခိုလှုံလာသူများ၏ ပြောဆိုချက်နှင့် မြေပြင်တွေ့ရှိချက်များအရ အင်အားချိနဲ့နေသော စစ်ကောင်စီသည် ရှေ့တန်းစစ်မြေပြင်များ၌ အသက်မပြည့်သေးသည့် ကလေးစစ်သားများကို အသုံးပြုနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီမှ လူငယ်များကို တပ်သားသစ်များအဖြစ် အဓမ္မဖမ်းဆီးကာ စစ်မှုထမ်းစေခြင်းများကြောင့် ပြည်သူနှင့် လူငယ်များအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် တပ်သားများအဖြစ် စုဆောင်းခံရကာ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရပါက နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ ဘက်ပြောင်းခိုလှုံကြရန် KNDF ဗဟိုမှ အသိပေးအကြံပြုတိုက်တွန်းထားသည်။

သုဝဏ္ဏခွန်
#MeKongNews
#KNDF
#အဓမ္မစစ်မှုထမ်းခိုင်းစေ
#ပြည်သူ့ဘက်ရပ်တည်
#ရဲနှင့်စကားများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now