မဲခေါင်၊ ဖေဖော်ဝါရီ ၉
ထိုင်းနိုင်ငံဘက်ခြမ်းမှ ဒီဇယ်လီတာ ၆၀၀ ဝယ်ယူပြီး မြဝတီဘက်ခြမ်းတွင် သွားရောက်ရောင်းချမည့် ကားအား ထိုင်းအာဏာပိုင်များက ဖေဖော်ဝါရီ ၈ ရက်၌ ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖမ်းမိသည့် ယာဥ်မောင်းမှာ ထိုင်းနိုင်ငံသားဖြစ်ပြီး ဝယ်ယူလာသူကတော့ အထောက်အထားမဲ့ မြန်မာအမျိုးသမီးဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
အဆိုပါအမျိုးသမီးသည် မဲဆောက်မြို့ မယ်ကု ဓာတ်ဆီဆိုင်မှ ဆီလီတာ ၆၀၀ ကို ဘတ် ၁၉၇၂၈ ဘတ်ဖြင့် ဝယ်ယူပြီး မြ၀တီဘက်ခြမ်းသို့ မှောင်ခိုပို့ဆောင် ရောင်းစားရန် ရည်ရွယ်ဝယ်ယူခဲ့သည်ဟု ဝန်ခံထွက်ဆိုသဖြင့် ရဲတပ်ဖွဲ့က အရေးယူရန် စုံစမ်းစစ်ဆေးနေသည်။
ထိုင်းအာဏာပိုင်းများသည် ကျားဖြန်လုပ်ငန်းများ နှိမ်နင်းရေးအတွက် မြန်မာဘက်သို့ နယ်စပ်ဖြတ်ကျော် လျှပ်စစ်မီးပေးမှု၊ အင်တာနက်နှင့် စက်သုံးဆီများ ဖြတ်တောက်လိုက်ရာ မြ၀တီတွင် ဒီဇယ် တစ်လီတာ ကျပ် ၁၀၀၀၀ ကျော် စျေးပေါက်နေပြီး ဝယ်ယူရရှိရန်ပင် ခက်ခဲလွန်းနေသဖြင့် မြ၀တီမှ ကားများ မဲဆောက်ဘက်သို့ လာရောက် ဆီဖြည့်နေရသည်။
အစောပိုင်းတွင် အပိုဆီပုံးများဖြင့်ပါ ပြန်လည်သယ်ဆောင်နေကြသော်လည်း ယခုရက်ပိုင်းအတွင်း ထိုင်းဘက်မှ မြန်မာကားများ ဆီလာဖြည့်လျှင် အပိုသယ်ဆောင်ခွင့်များ ပိတ်ပင်လိုက်ကြောင်းလည်း သိရသည်။
Ref:Khaosod
ကိုကလင်း
#MeKongNews
#မြဝတီ
#မဲဆောက်
#ဒီဇယ်
#ဖမ်းမိ
#သယ်ဆောင်လာ








