နေ့စဥ်သတင်း

ခရီးသွားဗီဇာဖြင့် တာချီလိတ်တံတားမှ ထိုင်းဘက်ကူးခြင်းကို လျှပ်စစ်မီးအခက်အခဲကြောင့် ခေတ္တရပ်လိုက်ရခြင်းဖြစ်ပြီး ယနေ့ ပြန်လည်ခွင့်ပြု

မဲခေါင် 7 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ် အမှတ် ၁ ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်ခရီးသွားဗီဇာ PJ၊ PV ပါ့စ်ပို့များဖြင့် ဖြတ်သန်းခြင်းကို ရပ်တန့်လိုက်ရခြင်းမှာ လျှပ်စစ်မီးအခက်အခဲကြောင့်သာဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၇ ရက်မှ စတင်ကာ ပြန်လည်သွားခွင့်ပြုပြီဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံမှ လျှပ်စစ်မီးဖြတ်တောက်လိုက်သည့်အတွက် တာချီလိတ်မြို့တွင် လျှပ်စစ်မီး အခက်အခဲဖြစ်သွားပြီး လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အဆင်မပြေသည့်အတွက် ခရီးသွားဗီဇာဖြင့် ဖြတ်သန်းသွားလာသူများကို ပြန်လွှတ်ရခြင်းဖြစ်ကြောင်း၊ ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်း၌ ဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အခုက ပြန်ဖွင့်လိုက်ပြီ၊

မဲခေါင်၊ ဖေဖော်ဝါရီ ၇

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ် အမှတ် ၁ ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်ခရီးသွားဗီဇာ PJ၊ PV ပါ့စ်ပို့များဖြင့် ဖြတ်သန်းခြင်းကို ရပ်တန့်လိုက်ရခြင်းမှာ လျှပ်စစ်မီးအခက်အခဲကြောင့်သာဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၇ ရက်မှ စတင်ကာ ပြန်လည်သွားခွင့်ပြုပြီဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံမှ လျှပ်စစ်မီးဖြတ်တောက်လိုက်သည့်အတွက် တာချီလိတ်မြို့တွင် လျှပ်စစ်မီး အခက်အခဲဖြစ်သွားပြီး လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အဆင်မပြေသည့်အတွက် ခရီးသွားဗီဇာဖြင့် ဖြတ်သန်းသွားလာသူများကို ပြန်လွှတ်ရခြင်းဖြစ်ကြောင်း၊ ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်း၌ ဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အခုက ပြန်ဖွင့်လိုက်ပြီ၊ ရုံးက ဖုန်းဆက်ပြောလာတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း ဆေးကုသရန်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရက်ရှည် သွားရောက်ရမည့် ဒေသခံများအနေဖြင့် ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ခရီးသွားဗီဇာ ၂ လ လျှောက်ထားကာ တာချီလိတ်တံတား ၁ မှတစ်ဆင့် ဖြတ်သန်းသွားလာနိုင်ပြီး ယင်းသို့သွားလာသူများကို ဝန်ဆောင်မှုပေးသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ဘယ်လိုပဲသွားသွား စိတ်ချရအောင် အရင်လှမ်းတိုင်ပင်ပါ။ သေချာစီစဥ်ပြီးမှ သွားပါ။ အတတ်နိုင်ဆုံး ကူညီနေပါတယ်။ ဒီကာလမှာ ဒုက္ခရောက်နေသူတွေ လူလိမ်မခံရဖို့။ အဖမ်းမခံရဖို့ သေသေချာချာရှင်းပြ ကူညီနေပါတယ်” ဟု မယ်ဆိုင်အခြေစိုက် ခရီးသွားလုပ်ငန်းတစ်ခုက မဲခေါင်ကို ပြောသည်။

စစ်ကောင်စီ၏ အဓမ္မ စစ်ထဲဆွဲသွင်းနေမှုကြောင့်လူငယ်လူရွယ် အများအပြား ထိုင်းနိုင်ငံဘက်သို့ တရားဝင်နှင့် တရားမဝင် ရောက်ရှိနေသူ ၂ သန်းခန့်ရှိနေပြီဟု နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO က မကြာခင်က ခန့်မှန်းထားပါသည်။

မဟာ
#MeKongNews
#တာချီလိတ်
#ခရီးသွားဗီဇာ
#ထိုင်းနိုင်ငံ
#မယ်ဆိုင်
မှတ်ချက် – ပုံဟောင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now