မဲခေါင်၊ ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံကနေ အလုပ်အကိုင်အခွင့်အလမ်းအတွက် တရားမဝင် ဝင်ရောက်လာတဲ့ ၁၆၉ ယောက်ကို ထိုင်းအာဏာပိုင်တွေက ၂၂ ဘီးနောက်တွဲပါ ကုန်ကားပေါ်မှာ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းက ထပ်မံ ဖမ်းဆီးရမိခဲ့ပြန်ပါတယ်။
ထိုင်းနိုင်ငံသား ကားသမား ၂ ယောက်မောင်းနှင်လာတဲ့ကားဟာ ကန်ချနာဘူရီခရိုင် သောင်ဖာဖန်အရပ် စစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းစဉ် ဖမ်းဆီးခံရတာဖြစ်ပြီး ၆၇ ယောက်ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မဖြစ်မနေစစ်မှုထမ်းခိုင်းနေခြင်းနဲ့အတူ လူငယ်တွေ အနာဂတ်ပျောက်ဆုံးနေခြင်းနဲ့ အမျိုးသမီးငယ်တွေကိုပါ စစ်မှုထမ်းစာရင်း သွတ်သွင်းနေလို့ ဒီလပိုင်းထဲ ထိုင်းနိုင်ငံထဲကို အထောက်အထားမဲ့ ဝင်ရောက်မှုမှာ ပွဲစားခ ဘတ် ၁၈၀၀၀၊ ၂၀၀၀၀ နှုန်းပေးရပြီး ဖမ်းဆီးခံရလို့ ပြစ်ဒဏ်ခံယူပြီး နေရပ်ပြန်ပို့ခံရမယ့် နိုင်ငံသား ပေါင်းများစွာအတွက်လည်း နစ်နာမှုတွေ တိုးသထက်တိုးလာပါတယ်။
ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း ထိုင်းနိုင်ငံ နေရာ ၃ နေရာမှာ တရားမဝင် မြန်မာနိုင်ငံသူ၊ နိုင်ငံသား ၂၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါသေးတယ်။
Ref:Khaosod
MKF-001
#MeKongNews
#ထိုင်းမြန်မာ
#တရားမဝင်
#ဖမ်းခံရ
#စစ်မှုထမ်း
#ယာဥ်မောင်း








