နေ့စဥ်သတင်း

မူဆယ်-၁၀၅ မိုင်လမ်း သွားလာခွင့်နေ့တစ်ဝက်ရရှိပေမယ့် ဂိတ်ဖြတ်ခ ကျပ်ငါးသောင်းပေးရ

မဲခေါင် 30 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၃၀ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှာကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်-၁၀၅ မိုင် လမ်းဖွင့်ပေးလိုက်ပေမယ့် နေ့တစ်ဝက်နဲ့ သွားလာဖြတ်သန်းခွင့်ရပေမယ့် ဂိတ်လေးဂိတ်ကို ဖြတ်သန်းခအဖြစ် ခရီးသည်တင်ကားတစ်စီးကို ကျပ်ငါးသောင်းပေးရတယ်လို့သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်-၁၀၅ မိုင်နဲ့ မူဆယ်မြို့လမ်းကို ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက စစ်ကောင်စီက တစ်နှစ်ကျော်နီးပါး ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားခဲ့တာဖြစ်ပြီး မနေ့က (ဇန်နဝါရီ ၂၉)တရုတ် နှစ်သစ်ကူးနေ့မှာ ပြန်ဖွင့်ပေးခဲ့တာပါ။ အဲဒီလို ပြန်ဖွင့်ပေးရာမှာလည်း နံနက် အစောပိုင်းကနေ နေလယ် ၁၂ နာရီအထိသာ ခရီးသည်တင်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကိုသာဖြတ်သန်းခွင့် ပေးခဲ့တာဖြစ်တယ်လို့ မူဆယ်ဒေသခံအမျိုးသမီးတစ်ဦးက မဲခေါင်ကိုပြောပါတယ်။ “မူဆယ်ကနေ ၁၀၅

မဲခေါင်၊ ဇန်နဝါရီ ၃၀

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှာကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်-၁၀၅ မိုင် လမ်းဖွင့်ပေးလိုက်ပေမယ့် နေ့တစ်ဝက်နဲ့ သွားလာဖြတ်သန်းခွင့်ရပေမယ့် ဂိတ်လေးဂိတ်ကို ဖြတ်သန်းခအဖြစ် ခရီးသည်တင်ကားတစ်စီးကို ကျပ်ငါးသောင်းပေးရတယ်လို့သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်-၁၀၅ မိုင်နဲ့ မူဆယ်မြို့လမ်းကို ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက စစ်ကောင်စီက တစ်နှစ်ကျော်နီးပါး ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားခဲ့တာဖြစ်ပြီး မနေ့က (ဇန်နဝါရီ ၂၉)တရုတ် နှစ်သစ်ကူးနေ့မှာ ပြန်ဖွင့်ပေးခဲ့တာပါ။

အဲဒီလို ပြန်ဖွင့်ပေးရာမှာလည်း နံနက် အစောပိုင်းကနေ နေလယ် ၁၂ နာရီအထိသာ ခရီးသည်တင်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကိုသာဖြတ်သန်းခွင့် ပေးခဲ့တာဖြစ်တယ်လို့ မူဆယ်ဒေသခံအမျိုးသမီးတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

“မူဆယ်ကနေ ၁၀၅ မိုင် အမြန်လမ်းပေါ့လေ အခုလိုဖွင့်ပေးတာက ဒါပထမဆုံးပဲ၊ တခြားကွင်းလမ်းကတော့ မူဆယ် ၁၀၅ မိုင်သွားလို့ရပါတယ်”လို့ သူက ပြောပါတယ်။

အခုလိုဖြတ်သန်းခွင့်ပြုရာမှာလည်း ၁၀၅ မိုင်နဲ့ မူဆယ်မြို့လမ်းတလျှောက် စစ်ကောင်စီဂိတ် ငါးဂိတ်မှ စစ်ဆေးမေးမြန်မှု တွေပြုလုပ်ခဲ့ပြီး ဂိတ်လေးဂိတ်ကို ဖြတ်သန်းခအဖြစ် ခရီသည်တင်ယာဉ် တစ်စီးကို ကျပ် ၅၀၀၀၀ ပေးရပြီး ဆိုင်ကယ်နဲ့ ဒေသခံတွေကိုတော့ လက်ဘက်ရည်ဖိုးတောင်းပြီးမှ ဖြတ်သန်းသွားလာကြတယ် လို့ မူဆယ်-လားရှိုး ခရီးသည်ပို့ဆောင်ရေး ယာဉ်မောင်းတစ်ဦးကပြောပါတယ်။

“ဒီတကြောကသွားတာ ပိုမြန်တာ၊ ကုန်စည်နဲ့ပတ်သက်ပြီးဖြတ်သန်းခွင့်မပေးထားဘူး၊ ကုန်ကားနဲ့ ခရီးသည်တင်တဲ့ကားအများစုက မူဆယ်-၁၀၅ မိုင်ကွင်းလမ်းကပဲ ဖြတ်ပြီး သွားကြပါတယ်၊ ပတ်ပြီးသွားရတဲ့ နမ့်ဖတ်ကာနဲ့ နမ်းခမ်းလမ်းကိုအသုံးပြုကြတယ်”လို့ သူကပြောပါတယ်။

“လမ်းကခဏဖွင့်ပေးလိုက်တဲ့ပုံစံ မျိုးပါ၊ နှစ်ဖက်စလုံးက စစ်ရေးအရပြင်ဆင်ထားတာတွေက အများကြီးရှိတာပေါ့နော်၊ မျက်နှာ ချင်း ဆိုင်လို့တောင်ပြေလို့ရတယ်၊ နှစ်ဖက်တပ်တွေက ပြောရမယ်ဆို တစ်ဖာလုံလောက်ပဲဝေးတာပေါ့၊ သူတို့ဂိတ်တွေ တပ်တွေကခေါင်းချင်းဆိုင်ထားတာ”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA ၊ AA တပ်ဖွဲ့တွေဟာ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိစစ်ကောင်စီ လက်အောက်ခံ ၁၀၅ မိုင် စစ်ဗျူဟာကုန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ကတိုက်ခိုက်သိမ်းပိုက်ထားကာ လက်ရှိမှာတော့ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကို သုံးဖွဲ့လုံးက ပူးတွဲထိန်းချုပ်နေတာဖြစ်ပါတယ်။

CJ-017
#MeKongNews
#မူဆယ်၁၀၅မိုင်လမ်း
#နေ့တဝက်ဖွင့်
#ဂိတ်ဖြတ်သန်းခ
#ကျပ်၅၀၀၀၀ပေးရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now